မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်းဖွင့်လှစ်

မိုးကုတ်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ၉.၄.၂၀၁၈ ရက်နေ့ နံနက် ၁၀း၃၀ အချိန်တွင်
နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွါး) သင်တန်းအား နိုင်ငံတော်သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး တက်ရောက်အင်အား ၁၀၀ ဖြင့်စတင်ခဲ့ပါသည်။
အဆိုပါအခမ်းအနားအား တိုင်းပါတီကော်မတီဝင် ခရိုင်နယ်မြေတာဝန်ခံ ဦးစိုင်းအောင်ကြည်မှ အဖွင့်အမှာစကားပြောကြားပြီး ဖွင့်လှစ်ခဲ့ပါသည်။ခရိုင်ပါတီ ဥက္ကဌ ဦးဝင်းကြည်မှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များ သင်တန်းစည်းကမ်းချက်များအား ရှင်းလင်းခြင်း၊ သင်တန်းတွင်ပို့ချမည့် သင်တန်းဆရာများနှင့် မိတ်ဆက်ပေးပြီး အခမ်းအနားဖွင့်ပွဲအား ရုတ်သိမ်းခဲ့ပြီး သင်တန်းအား စတင်ပို့ချကြပါသည်။