
မြိတ် အောက်တိုဘာ ၁၉

======================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်မှ ပါတီအ‌ပေါ် ထောက်ခံဝန်းရံအား‌ပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ

မြိတ် အောက်တိုဘာ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်အတွင်းရှိ ပါတီအ‌ပေါ် ထောက်ခံဝန်းရံအား‌ပေးသူများ၊ဒေသအကျိုးလိုလားသည့်စီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ မြိတ်မြို့၌ နေ့လည်စာ အတူတကွသုံး‌ဆောင်၍ ဒေသအကျိုးဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ အခြားလိုအပ်သည်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန်‌ တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ်ပါတီ ဥက္ကဌများနှင့်အတူ လက်ရှိဖြစ်ပေါ်‌နေသော နိုင်ငံရေး၊စီးပွားရေးအခြေအနေများ ရှေ့ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။