မိမိတို႔ပါတီသည္ ျပည္သူထဲမွ ေပါက္ဖြားလာၾကသူမ်ားျဖစ္ၿပီး ျပည္သူမ်ားႏွင့္ဖြဲ႕စည္းထားသည့္ ပါတီျဖစ္၍ နိုင္ငံ့အေရး၊ ျပည္သူ႔အေရး၊ ေဒသအေရးကို အစဥ္ေရွ႕ရႉ႔၍ ေဆာင္ရြက္သည့္ အစဥ္အလာရွိသည္ႏွင့္အညီ ဆက္လက္ထိန္းသိမ္းေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း တနသၤာရီတိုင္း ေဒသႀကီး၊ ၿမိတ္ခရိုင္မွပါတီတာဝန္ရွိသူမ်ားႏွင့္ေတြ႕ဆုံပြဲတြင္ ပါတီဒုတိယ ဥကၠ႒ ဦးမ်ိဳးေဇာ္သိန္းေျပာၾကား

ၿမိတ္ ေအာက္တိုဘာ ၁၉
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္းသည္ တနသၤါရီတိုင္းေဒသႀကီးေပါင္းစပ္ညႇိႏွိုင္းေရးမႉး၊ ဗဟိုအတြင္းေရးမႉးေဒါက္တာေက်ာ္ေက်ာ္ေဌးႏွင့္အတူ ေအာက္တိုဘာလ (၁၉) ရက္ေန႔၊ နံနက္ပိုင္းတြင္ တနသၤာရီတိုင္း ေဒသႀကီး၊ ၿမိတ္ခရိုင္ႏွင့္ၿမိဳ႕နယ္မ်ားမွ ပါတီေကာ္မတီဝင္အဆင့္ဆင့္ ႏွင့္ ပါတီေကဒါမ်ားအား တနသၤာရီတိုင္းေဒသႀကီး၊ ၿမိတ္ၿမိဳ႕ အစည္းအေဝးခန္းမတြင္ ေတြ႕ဆုံခဲ့ပါသည္။
အဆိုပါအခမ္းအနားတြင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒ ဉီးမ်ိဳးေဇာ္သိန္းမွ ႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားခဲ့ၿပီး မိမိတို႔ပါတီသည္ ျပည္သူထဲမွ ေပါက္ဖြားလာၾကသူမ်ားျဖစ္ၿပီး ျပည္သူမ်ားႏွင့္ဖြဲ႕စည္းထားသည့္ ပါတီျဖစ္၍ နိုင္ငံ့အေရး၊ ျပည္သူ႔အေရး၊ ေဒသအေရးကို အစဥ္ေရွ႕ရႉ႔၍ ေဆာင္ရြက္သည့္ အစဥ္အလာရွိသည္ႏွင့္အညီ ဆက္လက္ထိန္းသိမ္းေဆာင္ရြက္ရန္ လိုအပ္ေၾကာင္း၊ အေျခအေန အရပ္ရပ္ကို ရႈေထာင့္ေပါင္းစုံမွ ရႈ႔ျမင္၍အမွန္သိရန္လိုအပ္ေၾကာင္း၊ အမွန္သိမွ အသိမွန္၊ အေတြးမွန္၊ ဆုံးျဖတ္မွန္၊အလုပ္မွန္ၿပီး ပန္းတိုင္ေရာက္မည္ျဖစ္ေၾကာင္း စသည္ျဖင့္အေသးစိတ္ရွင္းလင္းေျပာၾကားခဲ့ပါသည္။
အစီအစဥ္အရ တနသၤာရီတိုင္း ေဒသႀကီးေပါင္းစပ္ညႇိနိုင္းေရးမႉး ဗဟိုအတြင္းေရးမႉး ေဒါက္တာ ေက်ာ္ေက်ာ္ေဌးက အမွာစကားေျပာၾကားျခင္း​ၿပီးတိုင္းေဒသႀကီးပါတီ ဥကၠ႒ ႏွင့္ ခရိုင္ပါတီ ဥကၠ႒တို႔မွပါတီဝင္အင္အားစာရင္း စိစစ္ေနမႈမ်ား၊ဌာနခ်ဳပ္လမ္းညႊန္ခ်က္မ်ား ေဆာင္ရြက္ေနမႈမ်ား၊နယ္ေျမအေျခအေနမ်ားကို
တင္ျပေဆြးေႏြးခဲ့ၾကပါသည္။
ထို႔ေနာက္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ ဒုတိယဥကၠ႒မွ ခရိုင္အတြင္းရွိ ၿမိဳ႕နယ္မ်ား၏ တင္ျပခ်က္မ်ားအေပၚ ေပါင္းစပ္ညႇိႏွိုင္း ေဆာင္ရြက္ခဲ့ၿပီး အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ခဲ့ေၾကာင္း သတင္းရရွိပါသည္။

========================

မိမိတို့ပါတီသည် ပြည်သူထဲမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး ပြည်သူများနှင့်ဖွဲ့စည်းထားသည့် ပါတီဖြစ်၍ နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ဒေသအရေးကို အစဉ်ရှေ့ရှူ့၍ ဆောင်ရွက်သည့် အစဉ်အလာရှိသည်နှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်မှပါတီတာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပါတီဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းပြောကြား

မြိတ် အောက်တိုဘာ ၁၉
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းသည် တနင်္သါရီတိုင်းဒေသကြီးပေါင်းစပ်ညှိနှိုင်းရေးမှူး၊ ဗဟိုအတွင်းရေးမှူးဒေါက်တာကျော်ကျော်ဌေးနှင့်အတူ အောက်တိုဘာလ (၁၉) ရက်နေ့၊ နံနက်ပိုင်းတွင် တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်ခရိုင်နှင့်မြို့နယ်များမှ ပါတီကော်မတီဝင်အဆင့်ဆင့် နှင့် ပါတီကေဒါများအား တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အစည်းအဝေးခန်းမတွင် တွေ့ဆုံခဲ့ပါသည်။
အဆိုပါအခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဉီးမျိုးဇော်သိန်းမှ နှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး မိမိတို့ပါတီသည် ပြည်သူထဲမှ ပေါက်ဖွားလာကြသူများဖြစ်ပြီး ပြည်သူများနှင့်ဖွဲ့စည်းထားသည့် ပါတီဖြစ်၍ နိုင်ငံ့အရေး၊ ပြည်သူ့အရေး၊ ဒေသအရေးကို အစဉ်ရှေ့ရှူ့၍ ဆောင်ရွက်သည့် အစဉ်အလာရှိသည်နှင့်အညီ ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အခြေအနေ အရပ်ရပ်ကို ရှုထောင့်ပေါင်းစုံမှ ရှု့မြင်၍အမှန်သိရန်လိုအပ်ကြောင်း၊ အမှန်သိမှ အသိမှန်၊ အတွေးမှန်၊ ဆုံးဖြတ်မှန်၊အလုပ်မှန်ပြီး ပန်းတိုင်ရောက်မည်ဖြစ်ကြောင်း စသည်ဖြင့်အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပါသည်။
အစီအစဉ်အရ တနင်္သာရီတိုင်း ဒေသကြီးပေါင်းစပ်ညှိနိုင်းရေးမှူး ဗဟိုအတွင်းရေးမှူး ဒေါက်တာ ကျော်ကျော်ဌေးက အမှာစကားပြောကြားခြင်း​ပြီးတိုင်းဒေသကြီးပါတီ ဥက္ကဋ္ဌ နှင့် ခရိုင်ပါတီ ဥက္ကဋ္ဌတို့မှပါတီဝင်အင်အားစာရင်း စိစစ်နေမှုများ၊ဌာနချုပ်လမ်းညွှန်ချက်များ ဆောင်ရွက်နေမှုများ၊နယ်မြေအခြေအနေများကို
တင်ပြဆွေးနွေးခဲ့ကြပါသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌမှ ခရိုင်အတွင်းရှိ မြို့နယ်များ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။