စစ်ကိုင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ လပတ်ညှိနှိုင်းအစည်းအဝေးကျင်းပ

 

စစ်ကိုင်း၊ ဇန်နဝါရီ ။ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စစ်ကိုင်းမြို့နယ်ကော်
မတီနှင့်ရပ်/ကျေးကော်မတီများ လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်ပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အစည်းအဝေးကို စစ်ကိုင်းတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့်ဖွံ့ဖြိုးပါတီ ကော်မတီဝင် ဦးဝင်းတင့်၊ တိုင်းဒေသကြီးပါတီ အောင်နိုင်ရေးကော်မတီ ဦးဇေယျာမင်း။ ခရိုင်ပါတီဥက္ကဌ ဦးစိန်ခဲ၊ မြို့နယ်ပါတီဥက္ကဌ ဒေါ်ထားယုခိုင်၊ ခရိုင်ကော်မတီဝင်များ၊ မြို့နယ်ကော်မတီဝင်များနှင့် ရပ်/ကျေးဥက္ကဌများ စုစုပေါင်း ၈၅ ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ရှေးဦးစွာ တိုင်းဒေသကြီး ပါတီအောင်နိုင်ရေးကော်မတီ ဦးဇေယျာ
မင်းက အဖွင့်နှုတ်ဆက်စကားပြောကြားခဲ့ပြီး ပါတီလုပ်ငန်းဆိုင်ရာများပါတီဖွဲ့စည်းထားရှိမှုနှင့် ပါတီအောင်နိုင်ရေး ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခဲ့ပြီး ခရိုင်ဥက္ကဌ ဦးစိန်ခဲက နိုင်ငံရေး စီးပွားရေးနှင့်ပါတီလုပ်ငန်းစဉ်ဆောင်ရွက်ရန်ရှိသည်များကို ဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်ပါတီဥက္ကဌ ဒေါ်ထားယုခိုင်က လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး လူမှုရေးအခြေအနေများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းနောက် တက်ရောက်လာသော ရပ်/ကျေးဥက္ကဌများက သိရှိလို
သည်များကို ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခဲ့ကြ
ကြောင်း သိရသည်။

၂၀၁၉ ခုနှစ်- နှစ်ဦးအစ လပတ်ညှိနှိုင်းအစည်းအဝေးကို ရပ်/ကျေး ဥက္ကဌများနှင့်ကော်မတီဝင်များမှ စုံညီစွာဖြင့် အားတက်သရော
စိတ်ပါဝင်စားစွာ တက်ရောက်လာကြောင်း ထူးခြားစွာ တွေ့ရ သည်။

သတင်း၊ မင်းတိုင်ပင်