ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အခမဲ့စက်ချုပ်သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

 

ဇန်နဝါရီ ၇

ကလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့်ဖွံ့ဖြိုးရေးပါတီအခမဲ့စက်ချုပ်သင်တန်း ဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီက ကလော မြို့နယ် ပါတီရုံးခန်းမ၌ ကျင်းပခဲ့သည်။

ယင်းသင်တန်းကို ကလောမြို့နယ် ရပ်ကွက်နှင့်ကျေးရွာအုပ်စု (၄၈)အုပ်စုများ မှ သင်တန်းသူ ၅ဝ အား ၂ဝ၁၈ ခုနှစ် စက်တင်ဘာ ၃ဝ ရက်မှ ယခုလ ၅ ရက် အထိ သုံးလကြာ သင်တန်းပေးသင်ကြား ခဲ့ခြင်းဖြစ်သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနား ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာ ဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင် ဦးစိုင်းတင် ထွေး၊ ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစော ထွန်းခိုင်၊ ခရိုင်အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ခင်ထွေးအောင်၊ ခရိုင်ပါတီကော်မတီ ဝင် ကလောမြို့နယ်တာဝန်ခံ ဦးမြတ်စိုး၊ ကလောမြို့နယ် ပါတီဥက္ကဋ္ဌ ဦးမျိုးသန်းဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ အလှူ ရှင်များ၊ သင်တန်းသူများ စုစုပေါင်း ၈ဝ တက်ရောက်ကြပြီး သင်တန်းဆင်းပွဲအခမ်း အနားကို နံနက် ၁၁ နာရီတွင် အောင်မြင် စွာ ကျင်းပခဲ့သည်။

ယူဒီနေ