ဒဂုံ(အရှေ့) ပြည်ခိုင်ဖြိုးပါတီ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီဝင်အသစ်များလက်ခံဆောင်ရွက်

 

ရန်ကုန် ဇန်နဝါရီ ၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ ပိုင်း)မြို့နယ်မှ မြို့နယ်ပါတီကော် မတီဥက္ကဋ္ဌဦးမြင့်ခိုင်ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့်ကျေးရွာများမှ ပါတီ ဥက္ကဋ္ဌများနှင့်ကော်မတီဝင်များက မြို့နယ်အတွင်းပါတီဝင်များ စိစစ် ခြင်းနှင့်ပါတီဝင်အသစ်များလက်ခံ ဆောင်ရွက်ခြင်းအား ယမန်နေ့နံနက် ၈နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ နယ်ပါတီဥက္ကဋ္ဌ ဦးဆောင်သော ပါတီဝင်များက အမှတ်(၅) ရပ် ကွက်နှင့် အမှတ်(၆)ရပ်ကွက်တို့သို့ သွားရောက်၍ အပိုင်အလိုက်၊လမ်း များအလိုက်အဖွဲ့များခွဲ၍ တစ်အိမ် တက်တစ်အိမ်ဆင်းပါတီဝင်များအား ထိတွေ့ကာ ပါတီဝင်စိစစ်ခြင်းနှင့် ပါတီဝင်အသစ်များ လက်ခံခြင်းကို ညနေ ၄နာရီအထိ ပါတီဝင်အင်အား ၃ဝ ဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ပါတီဝင်စိစစ်ခြင်းလုပ်ငန်းဆောင် ရွက်ရာသို့ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူးဒေါက်တာကျော်စိုး (နယ်မြေတာဝန်ခံ)နှင့်တိုင်းဒေသကြီး ပါတီကော်မတီဝင်ဒေါ်အေးအေးမြင့်၊ ခရိုင်ပါတီကော်မတီမှ ဦးဝဏ္ဏမျိုး (နယ်မြေတာဝန်ခံ)နှင့် ဦးမျိုးဝင်း ကျော်တို့လာရောက်၍ အားပေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးမိုး(ဒဂုံ-အရှေ့)