ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ ဒုတိယ ဥကၠ႒ ဦးမ်ိဳးေဇာ္သိန္း တနသၤာရီတိုင္း ေဒသႀကီး၊ ထားဝယ္ခရိုင္မွ ပါတီအ‌ေပၚ ေထာက္ခံဝန္းရံအား‌ေပးသူမ်ား၊ေဒသခံစီးပြားေရးလုပ္ငန္းရွင္မ်ား ႏွင့္ေတြ႕ဆုံ

ထားဝယ္ ေအာက္တိုဘာ ၁၈
ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံ့ၿဖိဳးေရးပါတီ၊ ဒုတိယဥကၠ႒ ဦးမ်ိဳးေဇာ္သိန္းႏွင့္ ဗဟို အတြင္းေရးမႉး တနသၤာရီတိုင္းေဒသႀကီး ေပါင္းစပ္ညႇိႏွိုင္းေရးမႉး ေဒါက္တာေက်ာ္ေက်ာ္ေဌးတို႔သည္ ေအာက္တိုဘာလ (၁၈) ရက္ေန႔၊ မနက္ပိုင္းတြင္ တနသၤာရီတိုင္းေဒသႀကီး၊ ထားဝယ္ခရိုင္၊ထားဝယ္ၿမိဳ႕နယ္ရွိ ပါတီအ‌ေပၚ ေထာက္ခံဝန္းရံအား‌ေပးသူမ်ား၊ေဒသခံစီးပြားေရးလုပ္ငန္းရွင္မ်ားႏွင့္ ထားဝယ္ၿမိဳ႕၌ ေတြ႕ဆုံ၍ တက္ေရာက္လာၾကသူမ်ားႏွင့္အတူ ေဒသဖြံ့ၿဖိဳးေရးကိစၥရပ္မ်ား ရင္းႏွီးပြင့္လင္းစြာအျပန္အလွန္‌ ေတြ႕ဆုံေဆြးေႏြးညႇိႏွိုင္းေဆာင္ရြက္ခဲ့ၾကၿပီး အမွတ္တရလက္ေဆာင္မ်ား ေပးအပ္ခဲ့ပါသည္။
ဆက္လက္၍ ဒုတိယဥကၠ႒ႏွင့္ ဗဟိုအတြင္းေရးမႉးတို႔သည္ တိုင္း၊ ခရိုင္၊ ၿမိဳ႕နယ္ ပါတီ ဥကၠ႒မ်ားႏွင့္အတူ လက္ရွိျဖစ္ေပၚ‌ေနေသာ နိုင္ငံေရးအေျခအေနမ်ား၊ေရွ႕ဆက္ေဆာင္ရြက္ ရမည့္ကိစၥရပ္မ်ားအား ျပန္လည္သုံးသပ္ေဆြးေႏြးေဆာင္ရြက္ခဲ့ၾကပါသည္။

======================

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးဇော်သိန်း တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင်မှ ပါတီအ‌ပေါ် ထောက်ခံဝန်းရံအား‌ပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ နှင့်တွေ့ဆုံ

ထားဝယ် အောက်တိုဘာ ၁၈
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဒုတိယဥက္ကဋ္ဌ ဦးမျိုးဇော်သိန်းနှင့် ဗဟို အတွင်းရေးမှူး တနင်္သာရီတိုင်းဒေသကြီး ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးတို့သည် အောက်တိုဘာလ (၁၈) ရက်နေ့၊ မနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ထားဝယ်မြို့နယ်ရှိ ပါတီအ‌ပေါ် ထောက်ခံဝန်းရံအား‌ပေးသူများ၊ဒေသခံစီးပွားရေးလုပ်ငန်းရှင်များနှင့် ထားဝယ်မြို့၌ တွေ့ဆုံ၍ တက်ရောက်လာကြသူများနှင့်အတူ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ ရင်းနှီးပွင့်လင်းစွာအပြန်အလှန်‌ တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်ခဲ့ကြပြီး အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ပါသည်။
ဆက်လက်၍ ဒုတိယဥက္ကဋ္ဌနှင့် ဗဟိုအတွင်းရေးမှူးတို့သည် တိုင်း၊ ခရိုင်၊ မြို့နယ် ပါတီ ဥက္ကဋ္ဌများနှင့်အတူ လက်ရှိဖြစ်ပေါ်‌နေသော နိုင်ငံရေးအခြေအနေများ၊ရှေ့ဆက်ဆောင်ရွက် ရမည့်ကိစ္စရပ်များအား ပြန်လည်သုံးသပ်ဆွေးနွေးဆောင်ရွက်ခဲ့ကြပါသည်။