ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းများကို ဗဟိုဦးစီးစနစ်ဖြင့် စီစစ်ရွေးချယ်ခြင်းမဟုတ်ပဲ ပြည်သူများ စိတ်ကြိုက် ရွေးချယ်ထားသူများဖြစ်

 

နေပြည်တော်၊ သြဂုတ် ၁၈

ပြည်ခိုင်ဖြိုးပါတီမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းတွေကို ဗဟိုဦးစီးစနစ်ဖြင့် ချုပ်ကိုင်ရွေးချယ်ထားခြင်း မဟုတ်ပဲ ဒေသအကျိုး ပြည်သူ့အကျိုးဆောင်ရွက်နိုင်ပြီး ဒေသခံတွေနှစ်ကြိုက်မည့် အဆိုပြုထားသူများကိုသာ ဦးစားပေး ရွေးချယ်ထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောဆို လိုက်ပါတယ်။

ဒီကနေ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာ နန္ဒာလှမြင့်က အခုလို ပြောဆိုခဲ့တာပါ။

(အင်တာဗျူး) လာမယ့် ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ မဲဆန္ဒနယ်အသီးသီးပါဝင်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ် ပေါင်း ၁၁၂၉ ဦးရှိပြီး အဲ့ဒီထဲမှာမှ အငြိမ်းစားတပ်မတော်သား ၈၈ဦးသာ ပါရှိမှာဖြစ်သလို အဆိုပါ အငြိမ်းစား ပုဂ္ဂိုလ်တွေဟာ ယခင် ၂၀၁၀ ရွေးကောက်ပွဲမှာကတည်းက ပါဝင်ခဲ့သူတွေဖြစ်ပါတယ်

အလားတူ အဆိုပါကိုယ်စားလှယ်လောင်းတွေထဲမှာ ဒေါက်တာဘွဲ့ရ ၆၀ ကျော်နဲ့ အခြားဒီပလိုမာ ဘွဲရရှိထားသူ အရေအတွက် ၈၈၇ ဦးပါဝင်နေသလို အမျိုးသမီး အရေအတွက် ၁၀၀ ကျော်အထိ ပါဝင်မှာဖြစ်တယ်လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောဆိုလိုက်ပါတယ်။

(အင်တာဗျူး) ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ပြီးခဲ့တဲ့၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၃၂၀ က ကိုယ်စား လှယ်ပေါင်း ၁၁၅၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပေမယ့် လာမယ့် ရွေးကောက်ပွဲမှာတော့ တိုင်းရင်းသာပါတီ တွေရှိနေတဲ့ မဲဆန္ဒနယ်၂၇ နေရာမှာတော့ ပါဝင်ယှဉ်ပြိုင်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။