ပီအက္စ္ဂ်ီအသင္းမွာ ဂ်ာစီေရာင္းခ်မႈ အမ်ားဆုံးျဖစ္ေနတဲ့ အာရွသားလီကန္အင္

ေအာက္တိုဘာ ၂၃
ယခုႏွစ္ေဘာလုံးရာသီအတြင္း ပီအက္စ္ဂ်ီအသင္းရဲ့ ဂ်ာစီေရာင္းခ်မႈမွာ ကီလီယန္ အမ္ဘာေပ ဂ်ာစီထက္ ပိုမိုေရာင္းအားေကာင္းေနတာ ကစားသမားသစ္ လီကန္အင္ရဲ့ ဂ်ာစီေရာင္းခ်မႈ ျဖစ္တယ္လို႔ သိရပါတယ္။

မာေယာ့ကာအသင္းမွ ေပါင္း(၁၉)သန္းနဲ႔ ေျပာင္းေရႊ႕ေရွာက္ရွိလာသူ ေတာင္ကိုရီးယား ကြင္းလယ္ႏွင့္ေတာင္ပံကစားသမား လီကန္အင္က ဘာေပထက္ကို ေက်ာ္လြန္ၿပီး ပီအက္စ္ဂ်ီအသင္းမွ ေပၚျပဴလာ ျဖစ္ေနရသလို သူ႔နာမည္နဲ႔ ေၾကာနံပါတ္ ပါဝင္တဲ့ ဂ်ာစီေရာင္းခ်မႈကလည္း ဘာေပ ဂ်ာစီ ေရာင္းခ်မႈထက္ပင္ မ်ားျပားေနေၾကာင္းသိရပါတယ္။

===========================

ပီအက်စ်ဂျီအသင်းမှာ ဂျာစီရောင်းချမှု အများဆုံးဖြစ်နေတဲ့ အာရှသားလီကန်အင်

အောက်တိုဘာ ၂၃
ယခုနှစ်ဘောလုံးရာသီအတွင်း ပီအက်စ်ဂျီအသင်းရဲ့ ဂျာစီရောင်းချမှုမှာ ကီလီယန် အမ်ဘာပေ ဂျာစီထက် ပိုမိုရောင်းအားကောင်းနေတာ ကစားသမားသစ် လီကန်အင်ရဲ့ ဂျာစီရောင်းချမှု ဖြစ်တယ်လို့ သိရပါတယ်။

မာယော့ကာအသင်းမှ ပေါင်း(၁၉)သန်းနဲ့ ပြောင်းရွှေ့ရှောက်ရှိလာသူ တောင်ကိုရီးယား ကွင်းလယ်နှင့်တောင်ပံကစားသမား လီကန်အင်က ဘာပေထက်ကို ကျော်လွန်ပြီး ပီအက်စ်ဂျီအသင်းမှ ပေါ်ပြူလာ ဖြစ်နေရသလို သူ့နာမည်နဲ့ ကြောနံပါတ် ပါဝင်တဲ့ ဂျာစီရောင်းချမှုကလည်း ဘာပေ ဂျာစီ ရောင်းချမှုထက်ပင် များပြားနေကြောင်းသိရပါတယ်။