အင်္ဂပူမြို့နယ်၊ ကြပ်ပြင်သာသနာ့နယ်မြေ၊ ပျူခေတ်ဂဝံမြို့ဟောင်းဒေသ၌ တည်ထားကိုးကွယ်အပ်သော ဖောင်တော်ဦးစေတီတော် ဌာပနာသွင်း ရွှေထီးတော်၊ စိန်ဖူးတော် အထွက်တင်ပူဇော်ပွဲနှင့် ဗုဒ္ဓါဘိသေကမင်္ဂလာ ပူဇော်ပွဲအခမ်းအနားသို့ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး တက်ရောက်ပူဇော်

image-3ee748f0888e57a0503dc10bcfea2b63594edf2b6b59ed2200ad51ae71cdcfb4-V

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့၊ ကြပ်ပြင်သာသနာ့နယ်မြေ၊ ပျူခေတ်ဂဝံမြို့ဟောင်းဒေသ၌ တည်ထားကိုးကွယ်အပ်သော ဖောင်တော်ဦးစေတီတော် ရွှေထီးတော် စိန်ဖူးတော်အထွက်တင် ပူဇော်ပွဲ နှင့် ဗုဒ္ဓါဘိသေကမင်္ဂလာအခမ်းအနားကို မေလ (၉) ရက်နေ့၊ နံနက် (၉) နာရီအချိန်တွင် အဆိုပါ စေတီတော်၌ပြုလုပ်ရာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း၊ ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး၊ ဟင်္သာတခရိုင် ပြည်ခိုင်ဖြိုးပါတီ အလုပ်အမှုဆောင်များ၊ ဟင်္သာတနှင့် အင်္ဂပူမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးများနှင့် အလုပ်အမှုဆောင်များ၊ အင်္ဂပူမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာတာဝန်ရှိ သူများ၊ ရပ်မိရပ်ဖများ၊ ရပ်/ကျေးစည်းရုံးရေးမှူးများ၊ ဂေါပကအဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ တက်ရောက်ကြသည်။

image-16c1333fcba6ec79622a372dd7cea2e731dd19474f361a0d516282b17da5e7fa-V

အခမ်းအနားပထမပိုင်းကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ပြီး  ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဧည့်ပရိတ်သတ်များသည် အင်္ဂပူမြို့၊ စံကျောင်းဆရာတော် နိုင်ငံတော်သံဃဝန်ဆောင် ဂန္ဓဝါစကပဏ္ဍိတအရှင်စက္ကိန္ဒ (အဂ္ဂမဟာကျော်) ဆရာတော်၊ သံဃာတော်များထံမှ ပရိတ်တရား နာယူကြသည်။

image-e35f1b7a3fc4cf553d93135c8d2bc57a196acb690803e4fbd89b261a74e16b26-V

ထို့နောက် အလှူရှင် ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာ အဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်းနှင့် တပည့်ဒါယကာ၊ ဒါယိကာမများက ကြွရောက်လာကြသော သံဃာ တော်များအား ဓါတ်တော်မွေတော်များ၊ ဌာပနာတော်များ၊ ထီးတော်၊ စိန်ဖူးတော်၊ ငှတ်မြတ်နားတော် တို့နှင့် လှူဘွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။

၎င်းနောက် အင်္ဂပူမြို့၊ စံကျောင်းဆရာတော် နိုင်ငံတော်သံဃဝန်ဆောင် ဂန္ဓဝါစကပဏ္ဍိတအရှင်စက္ကိန္ဒ (အဂ္ဂမဟာကျော်) ထံမှ အနုမောဒနာတရား နာယူကြပြီး ရေစက်သွန်းချအမျှပေးဝေသည်။

အခမ်းအနားဒုတိယပိုင်း၌ ဓာတ်တော်မွေတော်များနှင့် ဌာပနာတော်များအား စေတီတော်ပေါ်သို့ ပင့်ဆောင်၍ ဌာပနာတော်သွင်းပူဇော်ပြီး ရွှေထီးတော်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်တို့အား စေတီတော်ပေါ်သို့ပင့်ဆောင်ကာ မင်္ဂလာအချိန်တွင် စေတီတော်၌ တပ်ဆင်ပူဇော်၍ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။

၎င်းနောက် ”ဇိတံမေ” ဟု သုံးကြိမ်ဟစ်ကြွေးကာ စေတီတော်ကြီးပေါ်မှ ရွှေမိုးငွေမိုးများ ရွာသွန်း ဖြိုးကြကာ ကြွရောက်လာသည့် ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓဘိသေကအနေကဇာ တင်ခြင်း ကို ဆက်လက်ပြုလုပ်ကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်း၍ ကြွရောက်လာသော သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းကြသည်။

အဆိုပါ ဖောင်တော်ဦးစေတီတော်မှာ ကြပ်ပြင်တောရကျောင်းတိုက်ဆရာတော် အရှင်ပညာသီရိ၏ သြဝါဒအားခံယူ၍ နယ်မြေခံပြည်သူများ၏ ဆန္ဒအရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနှင့် ဇနီး မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ် နာယက ဒေါ်နီနီဝင်း မိသားစုတို့က နယ်မြေခံပြည်သူများနှင့်အတူ ရွှေထီးတော်တင်လှူပူဇော်ခြင်းဖြစ်ပြီး ကြွရောက်လာ သူ အင်အား (၁ဝဝဝ) ကျော်အား နတ်စင်တစ်ရာ နယ်လှည့်စတုဒီသာအဖွဲ့မှ ထမင်းဟင်းတို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။


Leave a Reply