ကမၻာ့ဖလားေျခစစ္ပြဲအျဖစ္ ျမန္မာႏွင့္ ေျမာက္ကိုရီးယား ယေန႔ကစားမည္

နိုဝင္ဘာ ၂၁

၂၀၂၆ ကမၻာ့ဖလား ဒုတိယအဆင့္ေျခစစ္ပြဲ အုပ္စုဒုတိယပြဲအျဖစ္ ျမန္မာ့လက္ေရြးစင္အသင္းႏွင့္ ေျမာက္ကိုရီးယားလက္ေရြးစင္အသင္းတို႔ နိုဝင္ဘာ ၂၁ ရက္ ညေန ၄ နာရီတြင္ ရန္ကုန္ၿမိဳ႕ရွိ သုဝဏၰကြင္း၌ ယွဥ္ၿပိဳင္ကစားမည္ျဖစ္သည္။

နိုဝင္ဘာ ၁၆ ရက္က ယွဥ္ၿပိဳင္ကစားသည့္ အုပ္စုပထမပြဲတြင္ ျမန္မာအသင္းက ဂ်ပန္အသင္းကို ငါးဂိုးျပတ္၊ ေျမာက္ကိုရီးယားအသင္းက ဆီးရီးယားအသင္းကို တစ္ဂိုး-ဂိုးမရွိျဖင့္ အေရးနိမ့္ထားသည္။

ယင္းပြဲအတြက္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲကို နိုဝင္ဘာ ၂၀ ရက္ ညေနပိုင္းက သုဝဏၰေဘာ လုံးကြင္း သတင္းစာရွင္းလင္းပြဲခန္းမ၌ က်င္းပရာ ႏွစ္ဖက္ အသင္းနည္းျပခ်ဳပ္မ်ားႏွင့္ ကစားသမားမ်ား တက္ ေရာက္သည္။

ျမန္မာ့လက္ေရြးစင္အသင္းနည္းျပခ်ဳပ္ ဖိုက္အြန္ဘိုင္နာက “ေျမာက္ကိုရီးယားအသင္းရဲ့ ေျခစြမ္းကို သိပ္မသိေပမယ့္ အာရွအားကစားၿပိဳင္ပြဲမွာ ယွဥ္ၿပိဳင္ခဲ့တဲ့ ယူ-၂၄ အသင္းကေတာ့ ေျခစြမ္းေကာင္းမြန္တာ ေတြ႕ရပါတယ္။ အဲဒီအသင္းက ကစားသမားေလးဦးေလာက္ပါဝင္လာပါတယ္။ဆီးရီးယားအသင္းနဲ႔ ကစားခဲ့တဲ့ ေျမာက္ကိုရီးယားအသင္းရဲ့ ေျခစြမ္းကို ေသခ်ာေလ့လာထားပါတယ္။ ကၽြန္ေတာ္တို႔ ေျမာက္ကိုရီးယားအသင္းနဲ႔ ေတြ႕ဆုံတိုင္း သေရေတာင္ မကစားနိုင္ခဲ့ေပမယ့္ အခုပြဲမွာေတာ့ အမွတ္ရေအာင္ ကစားသြားပါ
မယ္”ဟု ေျပာၾကားခဲ့သည္။ ေျမာက္ကိုရီးယားလက္ ေရြးစင္အသင္းနည္းျပခ်ဳပ္ ဆင္ေယာင္နမ္က “ျမန္မာအသင္းနဲ႔ကစားမယ့္ပြဲအတြက္ ျပင္ ဆင္မႈေတြ ျပဳလုပ္ထားပါတယ္။ ပြဲရလဒ္ကေတာ့ ကစားတဲ့အခါမွ သိရမွာပါ။ ျမန္မာအသင္းနဲ႔ပြဲမွာ အေကာင္းဆုံးရလဒ္ရရွိဖို႔ ႀကိဳးစားသြားမွာပါ။ ျမန္မာေရာ ေျမာက္ကိုရီးယားပါ အဖြင့္ပြဲမွာ အေရးနိမ့္ထားလို႔ အခုပြဲက ႏွစ္သင္းစလုံအတြက္ အေရးႀကီးပါတယ္”ဟု ေျပာၾကားခဲ့သည္။

==================

ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မြန်မာနှင့် မြောက်ကိုရီးယား ယနေ့ကစားမည်

နိုဝင်ဘာ ၂၁

၂၀၂၆ ကမ္ဘာ့ဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုဒုတိယပွဲအဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မြောက်ကိုရီးယားလက်ရွေးစင်အသင်းတို့ နိုဝင်ဘာ ၂၁ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

နိုဝင်ဘာ ၁၆ ရက်က ယှဉ်ပြိုင်ကစားသည့် အုပ်စုပထမပွဲတွင် မြန်မာအသင်းက ဂျပန်အသင်းကို ငါးဂိုးပြတ်၊ မြောက်ကိုရီးယားအသင်းက ဆီးရီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အရေးနိမ့်ထားသည်။

ယင်းပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၀ ရက် ညနေပိုင်းက သုဝဏ္ဏဘော လုံးကွင်း သတင်းစာရှင်းလင်းပွဲခန်းမ၌ ကျင်းပရာ နှစ်ဖက် အသင်းနည်းပြချုပ်များနှင့် ကစားသမားများ တက် ရောက်သည်။

မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ် ဖိုက်အွန်ဘိုင်နာက “မြောက်ကိုရီးယားအသင်းရဲ့ ခြေစွမ်းကို သိပ်မသိပေမယ့် အာရှအားကစားပြိုင်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ယူ-၂၄ အသင်းကတော့ ခြေစွမ်းကောင်းမွန်တာ တွေ့ရပါတယ်။ အဲဒီအသင်းက ကစားသမားလေးဦးလောက်ပါဝင်လာပါတယ်။ဆီးရီးယားအသင်းနဲ့ ကစားခဲ့တဲ့ မြောက်ကိုရီးယားအသင်းရဲ့ ခြေစွမ်းကို သေချာလေ့လာထားပါတယ်။ ကျွန်တော်တို့ မြောက်ကိုရီးယားအသင်းနဲ့ တွေ့ဆုံတိုင်း သရေတောင် မကစားနိုင်ခဲ့ပေမယ့် အခုပွဲမှာတော့ အမှတ်ရအောင် ကစားသွားပါ
မယ်”ဟု ပြောကြားခဲ့သည်။ မြောက်ကိုရီးယားလက် ရွေးစင်အသင်းနည်းပြချုပ် ဆင်ယောင်နမ်က “မြန်မာအသင်းနဲ့ကစားမယ့်ပွဲအတွက် ပြင် ဆင်မှုတွေ ပြုလုပ်ထားပါတယ်။ ပွဲရလဒ်ကတော့ ကစားတဲ့အခါမှ သိရမှာပါ။ မြန်မာအသင်းနဲ့ပွဲမှာ အကောင်းဆုံးရလဒ်ရရှိဖို့ ကြိုးစားသွားမှာပါ။ မြန်မာရော မြောက်ကိုရီးယားပါ အဖွင့်ပွဲမှာ အရေးနိမ့်ထားလို့ အခုပွဲက နှစ်သင်းစလုံအတွက် အရေးကြီးပါတယ်”ဟု ပြောကြားခဲ့သည်။