မြန်မာ ယူ-၁၄ အမျိုးသမီး ဘောလုံးအသင်း အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်

Women-U-14-Team-MFF

လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာရှ ယူ-၁၄ (အာဆီယံဇုန်) အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ မြန်မာလူငယ် အမျိုးသမီး အသင်းက အုပ်စုပထမနဲ့ ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

မေ ၃၁ ရက်မှ ဇွန် ၂ ရက်ထိ ကျင်းပတဲ့ အုပ်စု (ခ) ပွဲစဉ်တွေမှာ မြန်မာအသင်းက မလေးရှားအသင်းကို ၂ ဂိုး ဂိုးမရှိ၊ စင်ကာပူအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိကာ ဗီယက်နမ်နဲ့ ၁ ဂိုးစီ သရေကျပြီး ရမှတ် ၇ မှတ်၊ အုပ်စု ပထမနဲ့ အကြိုဗိုလ်လုပွဲ တက်သွားတာပါ။

ဆီမီးဖိုင်နယ်ပွဲစဉ်တွေအဖြစ်တော့ ဇွန်လ ၄ ရက်နေ့မှာ မြန်မာက တဘက်အုပ်စုက ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဗီယက်နမ်က ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ။

အာရှ ယူ-၁၄ ဘောလုံးပြိုင်ပွဲကို အာရှဘောလုံးအဖွဲ့ချုပ်ရဲ့ အစီအစဉ်နဲ့ ဇုန်အလိုက်ခွဲ ကျင်းပနေတာဖြစ်ပြီး အာဆီယံဒေသတွင်း နိုင်ငံတွေက အသင်း ၈ သင်း ဝင်ရောက် ယှဉ်ပြိုင်နေတာပါ။

(DVB Burmese)


Leave a Reply