
နိုဝင်ဘာ ၇




========================

ပါးလ်မား၊ဂျက်ဆန် ဂိုးများဖြင့် အနိုင်ရခဲ့တဲ့ နည်းပြပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်း

နိုဝင်ဘာ ၇

Tottenham (1-4) Chelsea (FT)
Kulusevski(6’) Palmer(35’P) Jackson(75’,90+4’,90+7’)

ယနေ့နံနက်အစောပိုင်းမှာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ပွဲစဉ်(၁၁)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ်မှာတော့ ပထမပိုင်းမှာစပါးအသင်းက ကူလူဆက်ဗ်စကီး ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ရိုမဲရိုးရဲ့အနီကတ်နဲ့အတူ ပင်နယ်တီခွင့်ပြုခဲ့ရပြီး ချဲလ်ဆီးအသင်းအတွက် ပါးလ်မားက အမှားအယွင်းမရှိ ပင်နယ်တီကနေတဆင့် ခြေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အူဒိုဂီ (၂)ဝါ(၁)နီ ထပ်ထိခဲ့ပြီး စပါးအသင်း ကစားသမား(၉)ယောက်ထဲနဲ့ ပွဲကို ဖြတ်သန်းခဲ့ရကာ ချဲလ်ဆီးအသင်းအတွက် နီကိုလတ်စ်ဂျက်ဆင်က ဒုတိယပိုင်းအရောက် ဟတ်ထရစ်ပါသွင်းယူနိုင်ခဲ့ပြီး ပွဲပြီးချိန်မှာတော့ ချဲလ်ဆီးအသင်းက စပါးအသင်းကို (၁-၄) နဲ့အနိုင်ရခဲ့ပါတယ်။