သြစတြေးလျနိုင်ငံသူ ဘာတီ ပြင်သစ်အမျိုးသမီးအိုးပင်း ပထမအကြိမ်ဆွတ်ခူး

ပြင်သစ်အမျိုးသမီးအိုးပင်း ဗိုလ်လုပွဲတွင် သြစတြေးလျနိုင်ငံ သူ အက်ရှ်လေဘာတီ (၂၃) နှစ် က ချက်နိုင်ငံမှ ဆယ်ကျော်သက် မာကီတာဗွန်ဒရောဆိုဗာကို အ နိုင်ရကာ ပထမဆုံးဂရင်းဆလမ် ဆုဖလား ဆွတ်ခူးခဲ့သည်။
ပါရီမြေစေးကွင်းတွင် နိုင် ခြေအဆင့် (၈)ရှိသူ ဘာတီက အသက် (၁၉) နှစ်အရွယ် မာကီ တာကို ၆-၁၊ ၆-၃ ဖြင့် အနိုင်ရရှိသည်။ ဘာတီသည် ပရော်ဖက်ရှင် နယ် ခရစ်ကတ်ကစားရန် ၂၀၁၄ က တင်းနစ်လောကမှ နုတ်ထွက် ခဲ့ပြီး ၁၇ လအကြာတွင် တင်းနစ် လောကသို့ ပြန်လည်ဝင်ရောက် ခဲ့သည်။

ယခုအခါ ဘာတီအနေဖြင့် ၁၉၇၃ က မာဂရက်ကော့တ် နောက်ပိုင်း ရိုလန်ဂါးရို့စ်တစ်ဦး ချင်းဆုဖလား ဆွတ်ခူးနိုင်ခဲ့သော ပထမဆုံး သြစတြေးလျနိုင်ငံသူ ဖြစ်လာသည်။ ‘‘ဒါက မယုံကြည်နိုင်စရာပါ။  ဘာပြော ရမှန်းတောင် မသိဘူး။ ပြီးပြည့်စုံတဲ့ပွဲတစ်ပွဲ ကျွန်မကစားခဲ့ပါတယ်။ ဒီပြိုင်ပွဲက သြစတြေးလျ တင်းနစ်မယ်တွေ အတွက် အထူးနေရာတစ်ခုပါ။ ရရှိခဲ့တဲ့ အောင်မြင်မှုအပေါ် ကျွန်မ ဂုဏ်ယူ မဆုံးပါဘူး’’ဟု ဘာတီက ပြောသည်။ ဘာတီသည် လာမည့်သီတင်းပတ်၌ ထုတ်ပြန်မည့် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် အဆင့် (၂) နေရာသို့ ရောက်လာမည်ဖြစ်ပြီး ယင်းမှာ ၁၉၇၆ က အီဗွန်နီဂိုလာဂေါင်းကော်လေး နောက်ပိုင်း ကမ္ဘာ့အဆင့်အမြင့်ဆုံး သြစတြေးလျတင်းနစ်မယ် ဖြစ်လာမည်ဖြစ်သည်။ ရှုံးနိမ့်သော်လည်း မာကီတာက လက်ရှိအဆင့်(၃၈)မှ ထိပ်ဆုံး ၂၀ စာရင်းအတွင်းသို့ ပထမဆုံးအကြိမ် ဝင်ရောက်နိုင်မည်ဖြစ်သည်။

—Ref: BBC