ျမန္မာနဲ႔မကာအို ကမၻာ့ဖလားေျခစစ္ပြဲ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ယေန႔ယွဥ္ၿပိဳင္ကစားမယ္

ေအာက္တိုဘာ ၁၇

ျမန္မာအသင္းႏွင့္ မကာအို အသင္းတို႔သည္ ဒုတိယအေက်ာ့ပြဲစဥ္အျဖစ္ ေအာက္တိုဘာလ(၁၇)ရက္ ယေန႔ ျမန္မာစံေတာ္ခ်ိန္ ညေန(၆)နာရီတြင္ Macau Olympic Complex တြင္ ယွဥ္ၿပိဳင္ၾကမည္ျဖစ္ပါသည္။ ကမၻာ့ဖလား ေျခစစ္ပြဲ (အာရွဇုန္) ပထမအဆင့္ ၊ ပထမ အေက်ာ့အျဖစ္ ေအာက္တိုဘာ ၁၂ ရက္ က ျမန္မာ့လက္ေရြးစင္အသင္းႏွင့္ မကာအိုအသင္းတို႔ သုဝဏၰကြင္း၌ ယွဥ္ၿပိဳင္ကစားခဲ့ၾကရာ ျမန္မာ့လက္ေရြးစင္အသင္းက မကာအိုအသင္းကို ၅ ဂိုး ၁ ဂိုးရလဒ္ျဖင့္ အနိုင္ရထားသည္။
ႏွစ္ေက်ာ့ေပါင္းရလဒ္ျဖင့္ အနိုင္ရရွိသည့္ အသင္းသည္ ေျခစစ္ပြဲ ဒုတိယအဆင့္၏ အုပ္စု(B) တြင္ ဂ်ပန္၊ ဆီးရီးယားႏွင့္ ေျမာက္ကိုရီးယားတို႔ႏွင့္ ဆက္လက္ယွဥ္ၿပိဳင္ရမည္ျဖစ္ေၾကာင္းသိရသည္။

===================

မြန်မာနဲ့မကာအို ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် ယနေ့ယှဉ်ပြိုင်ကစားမယ်

အောက်တိုဘာ ၁၇

မြန်မာအသင်းနှင့် မကာအို အသင်းတို့သည် ဒုတိယအကျော့ပွဲစဉ်အဖြစ် အောက်တိုဘာလ(၁၇)ရက် ယနေ့ မြန်မာစံတော်ချိန် ညနေ(၆)နာရီတွင် Macau Olympic Complex တွင် ယှဉ်ပြိုင်ကြမည်ဖြစ်ပါသည်။

ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့် ၊ ပထမ အကျော့အဖြစ် အောက်တိုဘာ ၁၂ ရက် က မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ကြရာ မြန်မာ့လက်ရွေးစင်အသင်းက မကာအိုအသင်းကို ၅ ဂိုး ၁ ဂိုးရလဒ်ဖြင့် အနိုင်ရထားသည်။
နှစ်ကျော့ပေါင်းရလဒ်ဖြင့် အနိုင်ရရှိသည့် အသင်းသည် ခြေစစ်ပွဲ ဒုတိယအဆင့်၏ အုပ်စု(B) တွင် ဂျပန်၊ ဆီးရီးယားနှင့် မြောက်ကိုရီးယားတို့နှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရသည်။