ပဲခူးတိုင္းေဒသႀကီး ျပည္ခိုင္ၿဖိဳးပါတီ ေတာင္ငူၿမိဳ႕နယ္တြင္ လူငယ္ေတြ႕ဆုံပြဲက်င္းပျပဳလုပ္

ေတာင္ငူ ေအာက္တိုဘာ ၁၆

ပဲခူးတိုင္းေဒသႀကီး ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီမွ တိုင္းေဒသႀကီးပါတီလူငယ္ေရးရာ တာဝန္ခံေဒါက္တာသန္႔ေဇာ္လြင္ ၊ေတာင္ငူ
ခရိုင္ ေကာ္မတီဝင္မမ်ိဳးသႏၲာေမာင္ေမာင္၊ ေတာင္ငူၿမိဳနယ္ပါတီဥကၠဌဦးသန္းစိုးတိုသည္ ေအာက္တိုဘာလ ၁၆ ရက္ေန႔ ေန႔လည္ ၁၄:၀၀ နာရီခန္႔က ေတာင္ငူ ၿမိဳနယ္ပါတီ႐ုံးအစည္းအေဝးခန္းမတြင္ ၿမိဳနယ္အတြင္းရွိပါတီဝင္လူငယ္မ်ိဳးဆက္သစ္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့သည္။

ေရွးဦးစြာ တိုင္းေဒသႀကီးပါတီ၏လူငယ္ေရးရာတာဝန္ခံ ေဒါက္တာသန္႔ေဇာ္လြင္မွ မွႏႈတ္ခြန္းဆက္အမွာစကားေျပာၾကားခဲ့ၿပီး တိုင္းေဒသႀကီးပါတီ၏စည္း႐ုံးလႈပ္ရွားေဆာင္ရႊက္ေနမႈအေျခအေနမ်ား ၊ ပါတီ၏လူငယ္မ်ိဳးဆက္သစ္မ်ားအေပၚေမၽွာ္လင့္ထားရွိမႈ ၊ မူဝါဒသေဘာထား စသည္တိုကိုအက်ယ္တစ္ဝင့္ ေျပာၾကားကာ ပါတီ၏လူငယ္အခန္းက႑အားျမႇင့္တက္ေနမႈ ၊ လူငယ္မ်ားအားေနရာႏွင့္ေလ့လာေရးခရီးစဥ္မ်ားေစလႊတ္ထားရွိမႈ ၊အလုပ္အကိုင္အခြင့္အလမ္းႏွင့္ပညာေရးဆိုင္ရာကိစၥရပ္မ်ား ၊ တိုင္းျပည္၏ပကတိအေျခအေနႏွင့္လူငယ္မ်ား၏အနာဂတ္မ်ား ၊ ပါတီအနာဂတ္ရည္မွန္းခ်က္တြင္ လူငယ္မ်ား၏က႑မ်ားအား အေသးစိတ္ခ်ျပရွင္းလင္း ေဆြးေႏြးခဲ့ၿပီး ေဆြးေႏြးခ်က္မ်ားအေပၚတက္ေရာက္လာၾကေသာ လူငယ္မ်ားမွ ျပန္လည္ေမးျမန္းျခင္း ေဆြးေႏြးျခင္းတိုကို ေဒါက္တာသန္႔ေဇာ္လြင္မွ အေသးစိတ္ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့သည္။ အစီစဥ္အရေတာင္ငူၿမိဳနယ္ပါတီဥကၠဌဦးသန္းစိုးႏွင့္ၿမိဳနယ္လူငယ္ေရးရာတာဝန္ခံ
ဦးေအာင္ေအာင္တိုမွ ၿမိဳနယ္ပါတီမ်ား၏လူငယ္ေရးရာက႑လႈပ္ရွားေနမႈအေျခအေနမ်ား ၊ ၿမိဳနယ္ပါတီ၏လူငယ္မ်ားအားစည္း႐ုံးထားရွိမႈ လူငယ္မ်ိဳးဆက္သစ္မ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးမႈအေျခအေနမ်ားအား အေသးစိတ္တင္ျပေဆြးေႏြးခဲ့ပါသည္။ ေဆြးေႏြးခဲ့ၿပီးေနာက္လူငယ္မ်ားအား ပါတီတာဝန္ရွိသူမ်ားမွရင္းႏွီးခ်စ္ၾကည္စြာ ႏႈတ္ဆက္ခဲ့ၿပီး လက္ေဆာင္ပစၥည္းမ်ားေပးအပ္ခဲ့သည္။

ပဲခူးတိုင္းေဒသႀကီး(အေရွ႕)ျပည္ခိုင္ၿဖိဳးပါတီအေနျဖင့္ ပါတီေရးရာက႑အစုံျမင့္တက္လာေရးအတြက္ သက္ဆိုင္ရာက႑အလိုက္တာဝန္ရွိသူမ်ားမွ စဥ္ဆက္မျပတ္ေျမျပင္ကြင္းဆင္းထိေတြ႕ စည္း႐ုံး လႈပ္ရွား စီမံေဆာင္ရႊက္လၽွက္ရွိေၾကာင္းသိရသည္။

=============================

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တောင်ငူမြို့နယ်တွင် လူငယ်တွေ့ဆုံပွဲကျင်းပပြုလုပ်

တောင်ငူ အောက်တိုဘာ ၁၆

ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီမှ တိုင်းဒေသကြီးပါတီလူငယ်ရေးရာ တာဝန်ခံဒေါက်တာသန့်ဇော်လွင် ၊တောင်ငူ
ခရိုင် ကော်မတီဝင်မမျိုးသန္တာမောင်မောင်၊ တောင်ငူမြိုနယ်ပါတီဥက္ကဌဦးသန်းစိုးတိုသည် အောက်တိုဘာလ ၁၆ ရက်နေ့ နေ့လည် ၁၄:၀၀ နာရီခန့်က တောင်ငူ မြိုနယ်ပါတီရုံးအစည်းအဝေးခန်းမတွင် မြိုနယ်အတွင်းရှိပါတီဝင်လူငယ်မျိုးဆက်သစ်များနှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးပါတီ၏လူငယ်ရေးရာတာဝန်ခံ ဒေါက်တာသန့်ဇော်လွင်မှ မှနှုတ်ခွန်းဆက်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးပါတီ၏စည်းရုံးလှုပ်ရှားဆောင်ရွှက်နေမှုအခြေအနေများ ၊ ပါတီ၏လူငယ်မျိုးဆက်သစ်များအပေါ်မျှော်လင့်ထားရှိမှု ၊ မူဝါဒသဘောထား စသည်တိုကိုအကျယ်တစ်ဝင့် ပြောကြားကာ ပါတီ၏လူငယ်အခန်းကဏ္ဍအားမြှင့်တက်နေမှု ၊ လူငယ်များအားနေရာနှင့်လေ့လာရေးခရီးစဥ်များစေလွှတ်ထားရှိမှု ၊အလုပ်အကိုင်အခွင့်အလမ်းနှင့်ပညာရေးဆိုင်ရာကိစ္စရပ်များ ၊ တိုင်းပြည်၏ပကတိအခြေအနေနှင့်လူငယ်များ၏အနာဂတ်များ ၊ ပါတီအနာဂတ်ရည်မှန်းချက်တွင် လူငယ်များ၏ကဏ္ဍများအား အသေးစိတ်ချပြရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆွေးနွေးချက်များအပေါ်တက်ရောက်လာကြသော လူငယ်များမှ ပြန်လည်မေးမြန်းခြင်း ဆွေးနွေးခြင်းတိုကို ဒေါက်တာသန့်ဇော်လွင်မှ အသေးစိတ်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ အစီစဉ်အရတောင်ငူမြိုနယ်ပါတီဥက္ကဌဦးသန်းစိုးနှင့်မြိုနယ်လူငယ်ရေးရာတာဝန်ခံ
ဦးအောင်အောင်တိုမှ မြိုနယ်ပါတီများ၏လူငယ်ရေးရာကဏ္ဍလှုပ်ရှားနေမှုအခြေအနေများ ၊ မြိုနယ်ပါတီ၏လူငယ်များအားစည်းရုံးထားရှိမှု လူငယ်မျိုးဆက်သစ်များနှင့်တွေ့ဆုံဆွေးနွေးမှုအခြေအနေများအား အသေးစိတ်တင်ပြဆွေးနွေးခဲ့ပါသည်။ ဆွေးနွေးခဲ့ပြီးနောက်လူငယ်များအား ပါတီတာဝန်ရှိသူများမှရင်းနှီးချစ်ကြည်စွာ နှုတ်ဆက်ခဲ့ပြီး လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး(အရှေ့)ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပါတီရေးရာကဏ္ဍအစုံမြင့်တက်လာရေးအတွက် သက်ဆိုင်ရာကဏ္ဍအလိုက်တာဝန်ရှိသူများမှ စဥ်ဆက်မပြတ်မြေပြင်ကွင်းဆင်းထိတွေ့ စည်းရုံး လှုပ်ရှား စီမံဆောင်ရွှက်လျှက်ရှိကြောင်းသိရသည်။