ဒုတိယအႀကိမ္ေျမာက္ ဒဂုံၿမိဳ႕သစ္ခရိုင္ ျပည္ခိုင္ၿဖိဳးပါတီေကာ္မတီဝင္မ်ား ဦးေဆာင္ကာ ေရေဘးသင့္ျပည္သူမ်ားအား ေရသန္႔ဗူးမ်ား၊ ထမင္းဗူးမ်ားႏွင့္ ေခါက္ဆြဲေျခာက္ထုတ္မ်ား သြားေရာက္လႉဒါန္း

ဒဂုံၿမိဳသစ္ ေအာက္တိုဘာလ ၁၆

ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳသစ္ခရိုင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ဥကၠဌ ေဒၚစမ္းစမ္းေဌးႏွင့္ ခရိုင္ေကာ္မတီဝင္မ်ား ဦးေဆာင္ကာ ဒဂုံၿမိဳသစ္(အ ေရွ႕ပိုင္း)ၿမိဳနယ္ရွိ အမွတ္ ၁၅၅ ရပ္ကြက္မွ ေရေဘးသင့္ျပည္သူမ်ားထံသို ယေန႔ ၁၆ ရက္ေန႔ ေန႔လည္ ၃ နာရီဝန္းက်င္ခန္႔တြင္ သြားေရာက္ကာ ေရေဘးသင့္ျပည္သူမ်ားအား ေရသန္႔ဗူးမ်ား၊ ထမင္းဗူးမ်ားႏွင့္ အသင့္စား ေခါက္ဆြဲေျခာက္ထုတ္မ်ား သြားေရာက္လႉဒါန္းခဲ့ၾကသည္။

အဆိုပါသြားေရာက္လႉဒါန္းရာတြင္ ဒဂုံၿမိဳသစ္ခရိုင္ပါတီဥကၠဌ ေဒၚစမ္းစမ္းေဌး၊ အတြင္းေရးမႉး ဦးဝဏၰမ်ိဳး၊ ဘ႑ာေရးမႉး ဦးသန္းစိုး၊ ေကာ္မတီဝင္ ဦးျမင့္ခိုင္ႏွင့္ ဦးခင္ေမာင္ဝင္းတိုမွ ဦးေဆာင္ကာ ဒဂုံၿမိဳသစ္ခရိုင္ ၄ ၿမိဳနယ္မွ ပါတီဝင္မ်ားႏွင့္အတူ ေရေဘးသင့္ ျပည္သူမ်ားအား ပူးေပါင္းပါဝင္ကူညီလႉဒါန္းခဲ့ၾကေၾကာင္း သိရသည္။

===========================

ဒုတိယအကြိမ်မြောက် ဒဂုံမြို့သစ်ခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ ဦးဆောင်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ထမင်းဗူးများနှင့် ခေါက်ဆွဲခြောက်ထုတ်များ သွားရောက်လှူဒါန်း

ဒဂုံမြိုသစ် အောက်တိုဘာလ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ဥက္ကဌ ဒေါ်စမ်းစမ်းဌေးနှင့် ခရိုင်ကော်မတီဝင်များ ဦးဆောင်ကာ ဒဂုံမြိုသစ်(အ ရှေ့ပိုင်း)မြိုနယ်ရှိ အမှတ် ၁၅၅ ရပ်ကွက်မှ ရေဘေးသင့်ပြည်သူများထံသို ယနေ့ ၁၆ ရက်နေ့ နေ့လည် ၃ နာရီဝန်းကျင်ခန့်တွင် သွားရောက်ကာ ရေဘေးသင့်ပြည်သူများအား ရေသန့်ဗူးများ၊ ထမင်းဗူးများနှင့် အသင့်စား ခေါက်ဆွဲခြောက်ထုတ်များ သွားရောက်လှူဒါန်းခဲ့ကြသည်။

အဆိုပါသွားရောက်လှူဒါန်းရာတွင် ဒဂုံမြိုသစ်ခရိုင်ပါတီဥက္ကဌ ဒေါ်စမ်းစမ်းဌေး၊ အတွင်းရေးမှူး ဦးဝဏ္ဏမျိုး၊ ဘဏ္ဍာရေးမှူး ဦးသန်းစိုး၊ ကော်မတီဝင် ဦးမြင့်ခိုင်နှင့် ဦးခင်မောင်ဝင်းတိုမှ ဦးဆောင်ကာ ဒဂုံမြိုသစ်ခရိုင် ၄ မြိုနယ်မှ ပါတီဝင်များနှင့်အတူ ရေဘေးသင့် ပြည်သူများအား ပူးပေါင်းပါဝင်ကူညီလှူဒါန်းခဲ့ကြကြောင်း သိရသည်။