ဒိုက်ဦးပြည်ခိုင်ဖြိုးကော်မတီဝင် ကွန်ကရစ်လမ်းဖောက်လုပ်လှူဒါန်း

ပဲခူးတိုင်းဒေသကြီး ဒိုက်ဦးမြို့ နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ် ကော်မတီဝင် ဦးစိုးမိုးက ယခုလ အတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ရေပြန်လည်ကျဆင်းချိန် ဗွက်များ အား ကျော်ဖြတ်၍ ပညာသင်နေရ သော ကျောင်းသားကျောင်းသူများ၊ ဆရာဆရာမများ သွားလာမှုလွယ် ကူစေရန်ရည်သန်၍ ကျောင်းအဝင် မြေသားလမ်း၏နေရာတွင် အရှည် ၇၅ ပေရှိ ဘိလပ်မြေကွန်ကရစ် လူသွားလမ်းကိုလည်းကောင်း၊ ကျောင်းဆောင်နှစ်ဆောင်ကြားတွင် ဖြတ်သန်းသွားလာမှု လွယ်ကူစေ ရန် ကွန်ကရစ်လမ်း တစ်ခုကိုလည်းကောင်း ဖောက်လုပ်လှူဒါန်းခဲ့ ကြောင်းသိရသည်။

90915894-13082016

”အခုလို လာရောက်လှူဒါန်း ပေးတော့ ကျေးဇူးလည်း အထူး တင်ပါတယ်။ နို့မိုဆိုရင် ကျောင်း လာတက်တဲ့ ကလေးတွေရော၊ ဆရာဆရာမတွေပါ ရွှံ့ဗွက်တွေကို ဖြတ်ပြီးမှ ကျောင်းလာတက်ရ တော့ ကျန်းမာရေးရှုထောင့်က ကြည့်ရင်လည်းမကောင်းဘူးလေ။ တချို့ကလေးတွေဆိုချော်လဲလို့ အိမ် ပြန်အဝတ်အစားလဲရတယ်။ ရေကျ ပြီးခါစဆိုတော့ပိုဆိုးတာပေါ့”ဟု ကျောင်းသားမိဘတစ်ဦးက ပြော သည်။

ဖြိုးကိုလင်း(ညောင်ဝိုင်း)


Leave a Reply