ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အောင်နိုင်ရေး မုံရွာမြို့နယ်ပါတီ အမျိုးသမီးရေးရာအဖွဲ့မှ စည်းရုံးမှု ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းမြင့်အောင် ၏ မဲဆန္ဒရှင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံရာသို့ မတ်လ (၁၉) ရက်က ပြည်ခိုင်ဖြိုးပါတီ ဗပိာုအလုပ် အမှုဆောင် တောင်သူလယ် သမားရေးရာ တာဝန်ခံ ဦးအောင်တင်မြင့်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ မောင်သင်း နှင့် ဗဟိုအလုပ်အမှုဆောင် တိုင်းပါတီဥက္ကဌ ဒေါက်တာ မြင့်သိန်းတို့ လိုက်ပါအားပေး ခဲ့ကြသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအောင်မြင်မှုရရှိရေးအတွက် တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်၍ မုံရွာမြို့နယ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု Woman Campaign ကို အမျိုးသမီးပါတီဝင် အင်အား (၆၂၅)ဦး ကားအစီးရေ (၃၁) စီးဖြင့် မုံရွာမြို့ပေါ်ရှိ ဈေးကြီး ၈ ဈေးတွင် အဖွဲ့ ၂ ဖွဲ့ခွဲ၍ ပြုလုပ်ခဲ့ရာ မနက်ပိုင်း အစီအစဉ်အဖြစ် အဖွဲ့ (၁)တွင် တိုင်းပါတီ ကော်မတီဝင် ဒေါ်သိင်္ဂီဝင်းရွှေ နှင့် ဒေါ်ညွန့်ညွန့်ဌေးတို့မှ အမျိုးသမီးပါတီဝင် ၃၆၅ ဦးဖြင့် မုံရွာမြို့ပေါ်ရှိ မကျီးပင်ဈေး အောင်ချမ်းသာဈေး၊ မြို့သစ်ဈေး၊ ချင်းတွင်းရတနာဈေး၊ မြသလ္လာဈေးတို့တွင်လည်းကောင်း၊ အဖွဲ့(၂)တွင် တိုင်းပါတီကော်မတီဝင် ဒေါ်ယဉ်မာဝင်းနှင့် မုံရွာခရိုင် ပါတီအတွင်းရေးမှူး ဒေါ်ကြူမိုးသန့် တို့က ပါတီဝင်အင်အား ၂၆၀ ဦးဖြင့် သံလမ်းဈေး၊ သာစည်ဈေး၊ သီရိရတနာဈေး တို့တွင်လည်းကောင်း ဒေါက်တာဝင်းမြင့်အောင်၏ လက်ကမ်းစာစောင်များ ပါတီတံဆိပ်များနှင့် စတစ်ကာများကို လိုက်လံဖြန့်ဝေ ပေးခဲ့ကြသည်။

နေ့ခင်းပိုင်းတွင် Woman Campaign အဖွဲ့သည် အဖွဲ့ ၇ ဖွဲ့ခွဲ၍ မုံရွာမြို့ပေါ်ရှိ ထန်းတော၊ နန္ဒဝန်၊ အလုံ၊ စစ်ပင်၊ အိုးဘိုထောင်၊ သလ္လာ၊ နတ်လူထိပ္ပာန်၊ ကန်သာဦး၊ မုံရွာတောင်၊ ကန်သာဦး ရပ်ကွက်များသို့ ကိုယ်စားလှယ်လောင်း၏ လက်ကမ်းစာစောင်များကို တစ်အိမ်တတ်ဆင်း လိုက်လံမိတ်ဆက် ခဲ့ကြကြောင်း သိရသည်။

# Kyu Kyu