ပါတီဗဟိုအလုပ်မှုဆောင် ဦးလှသိန်း မုဒုံပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင်များနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်မှုဆောင် (ပညာရေးဌာနတာဝန်ခံ) ဦးလှသိန်းမှ နိုဝင်ဘာ (၈)ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က မုဒုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များနှင့် ရပ်/ကျေးကော်မတီဝင်များအား တွေ့ဆုံခဲ့သည်။

mudon

တွေ့ဆုံပွဲတွင် ဗဟိုအလုပ်မှုဆောင် ဦးလှသိန်းမှ ရေးရာကိစ္စများ၊ ပါတီရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ် များနှင့် ဗဟိုဌာနချုပ်၏လမ်းညွန်ချက်များအား ချပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ရပ်/ကျေးစည်းမှူးတို့မှ သိရှိလိုတာများနှင့် ပါတီရဲ့ အခက်အခဲများကို တင်ပြဆွေးနွေးခဲ့ပြီး မွန်းလွဲ (၃)နာရီချိန်တွင် အခမ်းအနား ရုတ်သိမ်းခဲ့သည်။
အဆိုပါတွေ့ဆုံပွဲကို ပြည်နယ်ပါတီ အရန်ကော်မတီဝင် ဦးထိန်ဝင်း၊ ခရိုင်ကော်မတီဝင် ဦးသန်းစိုးအောင်နှင့် ခရိုင်အရန်ကော်မတီဝင်၊ မြို့နယ်ပါတီဥက္ကဌ ဦးကျော်ကျော်လွင်၊ မြို့နယ်ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ရပ်/ကျေး(၄၂)ခုမှ စည်းရုံးရေးမှူးများ တက်ရောက်ခဲ့သည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မွန်ပြည်နယ်


Leave a Reply