UFC-295 ပြဲစဥ္မွာ ပီ႐ူးဖိုက္တာ Kevin Borjas နဲ႔ ထိုးသတ္မယ့္ Joshua Van

ေအာက္တိုဘာ ၁၇
လာမယ့္နိုဝင္ဘာလ (၁၂) ရက္ေန႔မွာ Joshua Van သည္ UFC 295 မွာ သူ႔ရဲ့ UFC ဒုတိယေျမာက္ပြဲအျဖစ္ ပီ႐ူးနိုင္ငံသား Kevin Borjas နဲ႔ယွဥ္ၿပိဳင္ကစားသြားဖို႔ရွိေနသည္။

အသက္ (၂၁) သာရွိေသးတဲ့ ျမန္မာ ျပည္ဖြားခ်င္းတိုင္းရင္းသားေလး Joshua Van ဟာ ကမၻာ့တိုက္ခိုက္ေရးေလာကရဲ့နံပါတ္တစ္အဖြဲ႕အစည္းျဖစ္တဲ့ UFC မွာ ပထမဆုံးပြဲဦးထြက္တင္ပြဲဆူေစခဲ့သူပါ။ Joshua Van သည္ UFC မွာပြဲထြက္ခြင့္ရတဲ့ ပထမဆုံးျမန္မာ့တိုက္ခိုက္ေရး ကစားသမားတစ္ဦးလည္းျဖစ္သည္။

Joshua Van သည္ Fury MMA ဖလိုင္းဝိတ္တန္းရဲ့ ခ်န္ပီယံေရႊခါးပတ္ဆုကို ရရွိခဲ့ၿပီးေနာက္ လက္ရွိမွာ UFC ဖလိုင္းဝိတ္တန္းမွာယွဥ္ၿပိဳင္ခြင့္တစ္ေနရာကို ရယူပိုင္ဆိုင္ထားသူတစ္ဦးျဖစ္ေနပါတယ္။

အသက္25ႏွစ္ရွိ kevin Borjas သည္ အရပ္အျမင့္ 5 ေပ 5 လက္မ ရွိၿပီး mma ပြဲမွတ္တမ္းျဖင့္ 10 ပြဲကစားထား 9 ပြဲကို အနိုင္ယူထားေၾကာင္းလည္းသိရသည္။

=============================

UFC-295 ပွဲစဉ်မှာ ပီရူးဖိုက်တာ Kevin Borjas နဲ့ ထိုးသတ်မယ့် Joshua Van

အောက်တိုဘာ ၁၇
လာမယ့်နိုဝင်ဘာလ (၁၂) ရက်နေ့မှာ Joshua Van သည် UFC 295 မှာ သူ့ရဲ့ UFC ဒုတိယမြောက်ပွဲအဖြစ် ပီရူးနိုင်ငံသား Kevin Borjas နဲ့ယှဉ်ပြိုင်ကစားသွားဖို့ရှိနေသည်။

အသက် (၂၁) သာရှိသေးတဲ့ မြန်မာ ပြည်ဖွားချင်းတိုင်းရင်းသားလေး Joshua Van ဟာ ကမ္ဘာ့တိုက်ခိုက်ရေးလောကရဲ့နံပါတ်တစ်အဖွဲ့အစည်းဖြစ်တဲ့ UFC မှာ ပထမဆုံးပွဲဦးထွက်တင်ပွဲဆူစေခဲ့သူပါ။ Joshua Van သည် UFC မှာပွဲထွက်ခွင့်ရတဲ့ ပထမဆုံးမြန်မာ့တိုက်ခိုက်ရေး ကစားသမားတစ်ဦးလည်းဖြစ်သည်။

Joshua Van သည် Fury MMA ဖလိုင်းဝိတ်တန်းရဲ့ ချန်ပီယံရွှေခါးပတ်ဆုကို ရရှိခဲ့ပြီးနောက် လက်ရှိမှာ UFC ဖလိုင်းဝိတ်တန်းမှာယှဉ်ပြိုင်ခွင့်တစ်နေရာကို ရယူပိုင်ဆိုင်ထားသူတစ်ဦးဖြစ်နေပါတယ်။

အသက်25နှစ်ရှိ kevin Borjas သည် အရပ်အမြင့် 5 ပေ 5 လက်မ ရှိပြီး mma ပွဲမှတ်တမ်းဖြင့် 10 ပွဲကစားထား 9 ပွဲကို အနိုင်ယူထားကြောင်းလည်းသိရသည်။