တိုင္းေဒသႀကီးပါတီဥကၠဌ မွ ေက်ာက္ဆည္ၿမိဳ႕နယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးတြင္ ပါတီဝင္အင္အား စီစစ္ၿပီးစီးမႈ အေျခအေနအား သြားေရာက္ၾကည့္ရႈစစ္ေဆး

ေက်ာက္ဆည္ ေအာက္တိုဘာ ၁၆
၁၆-၁၀-၂၀၂၃ ရက္ေန႔ ၁၂:၃၀မွ၁၃:၄၀ အခ်ိန္ထိ ျပည္ခိုင္ၿဖိဳးပါတီ ဗဟိုအလုပ္အမႈေဆာင္၊မႏၲေလးတိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးသည္ တိုင္းေဒသႀကီးပါတီ ဘ႑ာေရးမႈး ေဒၚသိဂႌေအာင္၊တိုင္းေဒသႀကီးပါတီေကာ္မတီဝင္ ေဒၚသန္းသန္းေအး၊ဦးေက်ာ္စန္း၊ဦးမ်ိဳးျမင့္ တိုႏွင့္အတူ ေက်ာက္ဆည္ၿမိဳနယ္ ျပည္ခိုင္ၿဖိဳးပါတီ႐ုံးသို သြားေရာက္ၿပီး ၿမိဳနယ္ပါတီမွ ၿမိဳနယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲခြဲႏွင့္ ပါတီဝင္အင္အား စီစစ္ၿပီးစီးမႈ အေျခအေနမ်ားအား သြားေရာက္ၾကည့္ရႈ စစ္ေဆးခဲ့ပါသည္။ထိုသို ၾကည့္ရႈစစ္ေဆးရာသို ေက်ာက္ဆည္ၿမိဳနယ္ပါတီဥကၠဌ ဦးစိုးစိုးထြန္း၊အတြင္းေရးမႈး ဦးတင္မင္းျမတ္ဦးႏွင့္ေကာ္မတီဝင္မ်ား တက္ေရာက္ခဲ့ၿပီး ၿမိဳနယ္ပါတီဥကၠဌ ဦးစိုးစိုးထြန္းက ၿမိဳနယ္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲခြဲႏွင့္စီစစ္မႈ လုပ္ငန္းစဥ္မ်ား အားလုံးၿပီးစီးၿပီျဖစ္ေၾကာင္း တင္ျပခဲ့ကာ စီစစ္ၿပီးစီးမႈ အေသးစိတ္စာရင္းမ်ားအား ရွင္းလင္းတင္ျပခဲ့ပါသည္။ဆက္လက္၍ ပါတီဗဟို အလုပ္အမႈေဆာင္၊တိုင္းေဒသႀကီးပါတီဥကၠဌ ဦးေအာင္ေက်ာ္မိုးက စီစစ္ၿပီးစီးၿပီျဖစ္ေသာ ပါတီဝင္အင္အားစာရင္းအား အေသးစိတ္ ၾကည့္ရႈခဲ့ၿပီး Application ျဖင့္ ပါတီဝင္ပုံစံ ျဖည့္သြင္းျခင္း လုပ္ငန္းစဥ္အား ဆက္လက္ေဆာင္ရြက္သြားရန္၊ထိုသို ျဖည့္သြင္းေဆာင္ရြက္ရာတြင္ ပါတီဗဟိုဌာနခ်ဳပ္မွ သတ္မွတ္ထားသည့္ အေရအတြက္ ျပည့္မီေအာင္ ျဖည့္သြင္းရန္ႏွင့္တိက်ခိုင္မာေသာ ပါတီဝင္မ်ားကို စာရင္းျဖည့္သြင္းၿပီး ပုံစံ(ဇ)ပါ တစ္ပါတည္း ေရးသြင္း ျပဳစုထားရန္ ေဆြးေႏြးမွာၾကားခဲ့ပါသည္။

======================

တိုင်းဒေသကြီးပါတီဥက္ကဌ မှ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေး

ကျောက်ဆည် အောက်တိုဘာ ၁၆
၁၆-၁၀-၂၀၂၃ ရက်နေ့ ၁၂:၃၀မှ၁၃:၄၀ အချိန်ထိ ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်၊မန္တလေးတိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးသည် တိုင်းဒေသကြီးပါတီ ဘဏ္ဍာရေးမှုး ဒေါ်သိင်္ဂီအောင်၊တိုင်းဒေသကြီးပါတီကော်မတီဝင် ဒေါ်သန်းသန်းအေး၊ဦးကျော်စန်း၊ဦးမျိုးမြင့် တိုနှင့်အတူ ကျောက်ဆည်မြိုနယ် ပြည်ခိုင်ဖြိုးပါတီရုံးသို သွားရောက်ပြီး မြိုနယ်ပါတီမှ မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲနှင့် ပါတီဝင်အင်အား စီစစ်ပြီးစီးမှု အခြေအနေများအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ထိုသို ကြည့်ရှုစစ်ဆေးရာသို ကျောက်ဆည်မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်း၊အတွင်းရေးမှုး ဦးတင်မင်းမြတ်ဦးနှင့်ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး မြိုနယ်ပါတီဥက္ကဌ ဦးစိုးစိုးထွန်းက မြိုနယ်ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲနှင့်စီစစ်မှု လုပ်ငန်းစဥ်များ အားလုံးပြီးစီးပြီဖြစ်ကြောင်း တင်ပြခဲ့ကာ စီစစ်ပြီးစီးမှု အသေးစိတ်စာရင်းများအား ရှင်းလင်းတင်ပြခဲ့ပါသည်။ဆက်လက်၍ ပါတီဗဟို အလုပ်အမှုဆောင်၊တိုင်းဒေသကြီးပါတီဥက္ကဌ ဦးအောင်ကျော်မိုးက စီစစ်ပြီးစီးပြီဖြစ်သော ပါတီဝင်အင်အားစာရင်းအား အသေးစိတ် ကြည့်ရှုခဲ့ပြီး Application ဖြင့် ပါတီဝင်ပုံစံ ဖြည့်သွင်းခြင်း လုပ်ငန်းစဥ်အား ဆက်လက်ဆောင်ရွက်သွားရန်၊ထိုသို ဖြည့်သွင်းဆောင်ရွက်ရာတွင် ပါတီဗဟိုဌာနချုပ်မှ သတ်မှတ်ထားသည့် အရေအတွက် ပြည့်မီအောင် ဖြည့်သွင်းရန်နှင့်တိကျခိုင်မာသော ပါတီဝင်များကို စာရင်းဖြည့်သွင်းပြီး ပုံစံ(ဇ)ပါ တစ်ပါတည်း ရေးသွင်း ပြုစုထားရန် ဆွေးနွေးမှာကြားခဲ့ပါသည်။