ပြည်ထောင်စုနေ့ဂုဏ်ပြု လူငယ်လှုပ်ရှားမှု ပိုက်ကျော်ခြင်းအားကစားပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

 

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ် မြို့နယ်ပါတီကော်မတီ သည် နှစ်(၇ဝ)ပြည့် ပြည်ထောင်စု နေ့ကို ဂုဏ်ပြုသောအားဖြင့် နွေဦး အားမာန်လူငယ်လှုပ်ရှားမှု စတုတ္ထ အကြိမ်မြောက် ရပ်ကွက်နှင့် ကျေး ရွာပေါင်းစုံပိုက်ကျော်ခြင်းခတ်ပြိုင် ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးအပ်ချီးမြှင့်ပွဲ ကို မြို့နယ်ပါတီရုံး အားကစား ကွင်း၌ ယမန်နေ့နံနက် ၈ နာရီက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပါတီဗဟို ကော်မတီဝင် ဦးတင်အောင်၊ ပါတီ အရန်ဗဟိုကော်မတီဝင်များဖြစ်ကြ သည့် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ပါတီ အတွင်းရေးမှူး ဒေါက်တာ ကျော်စိုး၊ ဘဏ္ဍာရေးမှူး နယ်မြေ တာဝန်ခံ ဒေါ်အေးအေးမြင့်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနေလင်း၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ကျင် ဆန်း၊ မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ကော် မတီဝင်များ၊ (၁၂)ရပ်ကွက်မြန်မာ နိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ ဒိုင် လူကြီးများ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် ခြင်းဝါသနာရှင် ပရိသတ်များ စုစုပေါင်း ၂၇ဝဝ ခန့်တက်ရောက်ကြသည်။

အခမ်းအနားမစတင်မီ တတိယ နေရာလုပွဲအဖြစ် (၉)ရပ်ကွက် အသင်းနှင့်သုံးခွရပ်ကွက်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ သုံးခွရပ် ကွက်အသင်းက နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ ဗိုလ်လုပွဲအဖြစ် (၁၂)ရပ်ကွက်(က)အသင်းနှင့် စစ်ပင်ရပ်ကွက်အသင်းတို့ယှဉ်ပြိုင် ကစားကြရာ စစ်ပင်ရပ်ကွက် အသင်းက နှစ်ပွဲပြတ်ဖြင့်လည်း ကောင်း အသီးသီးအနိုင်ရရှိသွား ကြသည်။

ထို့နောက် ဆုပေးပွဲအခမ်းအနား ကိုဆက်လက်ကျင်းပရာပထမဆုရ ရှိသည့်စစ်ပင်ရပ်ကွက်အသင်းအား ပါတီဗဟိုကော်မတီဝင်ဦးတင်အောင် ကလည်းကောင်း၊ ဒုတိယဆုရရှိ သည့် (၁၂)ရပ်ကွက် (က)အသင်း အား အရန်ဗဟိုကော်မတီဝင် ရန်ကုန်(အရှေ့ပိုင်း)ခရိုင် ခရိုင်ပါတီ ကော်မတီအတွင်းရေးမှူး ဒေါက် တာကျော်စိုးက လည်းကောင်း၊ တတိယဆုရရှိသည့် (၉)ရပ်ကွက် အသင်းအား ၂ဝ၁၇ ခုနှစ် ကြား ဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက် အရွေးချယ်ခံမည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ်လောင်းဦးနေ လင်းက လည်းကောင်း၊ စတုတ္ထဆု ရရှိသည့်သုံးခွရပ်ကွက်အသင်းအား အရန်ဗဟိုကော်မတီဝင် ရန်ကုန် (အရှေ့ပိုင်း)ခရိုင် ခရိုင်ပါတီကော် မတီဘဏ္ဍာရေးမှူး(နယ်မြေတာဝန်ခံ) ဒေါ်အေးအေးမြင့်ကလည်းကောင်း၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အားကစားသမားဆုများအဖြစ် အကောင်းဆုံးရိုက်ခုတ်ဆု၊အကောင်း ဆုံး ပင့်ထောင်ဆု၊ အကောင်းဆုံး ဆယ်မဆုရရှိသည့် အားကစား သမားတစ်ဦးချင်းစီအား ပထမ အကြိမ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်ထူးက လည်းကောင်း၊ ပြိုင်ပွဲ အောင်မြင် အောင်ကျင်းပပြီးစီးသည်အထိ ပွဲစဉ်တစ်လျှောက် ပါဝင်ကူညီ ဆောင်ရွက်ကြသော မြန်မာနိုင်ငံ ပိုက်ကျော်ခြင်းအဖွဲ့ချုပ်မှ အဖွဲ့ချုပ် ဒိုင်လူကြီး ဦးမင်းလှိုင်နှင့် ဦးကျော် စိုးအေးတို့အား မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ခိုင်က အမှတ်တရလက် ဆောင်မွန်များကိုလည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြကြောင်း သိရသည်။

လှမျိုး(ဒဂုံအရှေ့)