မြောက်ဥက္ကလာပမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြိုအမျိုးသမီးထုတွေ့ဆုံပွဲကျင်းပ

 

ရန်ကုန် စက်တင်ဘာ ၁၂

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဗဟိုအမျိုးသမီး ညီလာခံအားကြိုဆိုသောအားဖြင့် ယမန်နေ့နံနက် ၁ဝ နာရီတွင် အမျိုးသမီးထုတွေ့ဆုံပွဲကျင်းပကြောင်း သိရသည်။အဆိုပါ အမျိုးသမီးတွေ့ဆုံပွဲ အား ရန်ကုန်တိုင်းဒေသကြီး ပြည် ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်ဒေါ် စန်းစန်းဝင်း၊ အရှေ့ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ဇာခြည်လင်း၊ ခရိုင်အမျိုးသမီး တာဝန်ခံ ဒေါ်လဲ့လဲ့အေးတို့ တက် ရောက်ကြပြီး မြို့နယ်ပါတီကော် မတီနှင့်မြို့နယ်အမျိုးသမီးတာဝန်ခံ များ၊ရပ်ကွက်အမျိုးသမီးကော်မတီ ဝင်များ အင်အား ၇၅ ဦး တက် ရောက်ကြသည်။

အစီအစဉ်အရ ရန်ကုန်တိုင်း ဒေသကြီးမှ ပါတီဗဟိုကော်မတီဝင် ဒေါ်စန်းစန်းဝင်းက အမှာစကား ပြောကြားရာတွင် အမျိုးသမီးဘဝ မြှင့်တင်နိုင်ဖို့ တစ်ဖက်တစ်လမ်းမှ ဝင်ငွေရရှိနိုင်ရေး၊ အိမ်တွင်းလက်မှု ပညာ သင်ကြားနိုင်ရေးအတွက် သင်တန်းဖွင့်လှစ်နိုင်ဖို့ အမျိုးသမီး ကာကွယ်စောင့်ရှောက်နိုင်ရေး အတွက် ဥပဒေပညာရှင်များနှင့် ဆွေးနွေးပွဲများ ကျင်းပမှာဖြစ် ကြောင်း ဆွေးနွေးပြောကြားသည်။

ခရိုင်အတွင်းရေးမှူး ဒေါ်ဇာ ခြည်လင်းကဆက်လက်ဆွေးနွေးမှု ပြုရာတွင် ယနေ့အမျိုးသမီးများ ယနေ့ကြုံတွေ့နေရတဲ့ စားဝတ်နေ ရေး ကုန်ဈေးနှုန်းကြီးမြင့်မှုအတွက် ပါတီမှ အိမ်တွင်းမှုအတတ်ပညာ များများသင်ကြားပေးနိုင်ရေးအစဉ် ထားဆောင်ရွက်သွားမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

အမျိုးသမီးရေးရာ တာဝန်ခံက မြို့နယ်ဆောင်ရွက်ထားမှု အခြေ အနေများ ဆွေးနွေးတင်ပြကြပြီး ရပ်ကွက်အမျိုးသမီးတာဝန်ခံများက ရပ်ကွက်အလိုက် ဆောင်ရွက်ထား မှုအား အသီးသီးတင်ပြ ဆွေးနွေး ကြပြီး ဗဟိုကော်မတီဝင် အမျိုး သမီးတာဝန်ခံက လိုအပ်သည်များ မှာကြားပြီး အစည်းအဝေးအား နံနက် ၁၁နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အေးမင်းဇော်(မြောက်ဥက္ကလာ)