ကချင်ပြည်နယ် မိုးမောက်မြိုနယ် ပြည်ခိုင်ဖြိုးပါတီ လက်ရှိနိုင်ငံရေးအခြေအနေ ရှင်းလင်းပွဲအခမ်းအနား ပြုလုပ်

ကချင်ပြည်နယ် မိုးမောက်မြို့တွင် လက်ရှိနိုင်ငံရေးအခြေအနေ ရှင်းလင်းပွဲအခမ်းအနားကို ယခုလ ၁၆ ရက် နံနက် ၁ဝး၀၀ နာရီအချိန်က အလင်းကောင်ရပ်ကွက်ရှိ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး၌ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ကချင်ပြည်နယ်ပါတီ အတွင်းရေးမှူး ဦးစိုးသိန်း၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဝင်းမောင်သိန်း၊ ဗန်းမော်ခရိုင် ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေး၊ ပါတီကော်မတီဝင် ဦးဇော်မင်းရင်၊ ဒေါ်နန်းစိုးစိုးအောင်၊ ဗန်းမော်မြို့နယ် ပါတီဥက္ကဋ္ဌ ဦးသက်ဝင်း၊ မိုးမောက်မြို့နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူး ဦးဦးဒါရှီတူးလွန်၊ ဘဏ္ဍာရေးမှူး ဦးဘရန်တောင်နှင့် ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ စုစုပေါင်းအင်အား ၉၁ ဦး တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် သဘာပတိ ပါတီဗဟိုကော်မတီဝင် ကချင်ပြည်နယ်ပါတီအတွင်းရေးမှူး ဦးစိုးသိန်းက လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေ၊ မြန်မာ့စီးပွားရေးကျဆင်းနေမှုအခြေအနေ၊ တည်ငြိမ်မှုမရှိသည့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ဘင်္ဂါလီလူမျိုးတို့အပေါ် အစိုးရမှ ပျော့ပျောင်းစွာဆောင်ရွက်နေမှုများကို အမှာစကားပြောကြား ခဲ့ပြီး ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းဇော်လေးက ဖြည့်စွက်ဆွေးနွေးတင်ပြခဲ့သည်။ ဆက်လက်၍ မိုးမောက်မြို့နယ် ပါတီဥက္ကဋ္ဌ ဒေါက်တာထွန်းနိုင်က လုပ်ငန်းဆောင်ရွက်မှုအခြေအနေများတင်ပြ၍ လူငယ်ရေးရာတာဝန်ခံ ဦးစန်းလွင်က လူငယ်ရေးရာ လှုပ်ရှားမှုအခြေအနေများ တင်ပြပြီး တက်ရောက်လာသော ရပ်/ကျေးဥက္ကဋ္ဌ စည်းရုံးရေးမှူးများ၊ ပါတီဝင်များက သိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ သဘာပတိ ပါတီပြည်နယ် အတွင်းရေးမှူး ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ဆီမီးခုံ-နန်းရီ