ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/၂၀၁၇) ဖွင့်လှစ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး ဒေါပုံမြို့နယ် နိုင်ငံရေးစီမံခန့်ခွဲမှု (ဆင့်ပွား) သင်တန်း (၁/ ၂ဝ၁၇) ကို ယခုလ ၁၆ ရက်တွင် သင်တန်းသား ၄၂ ဦးဖြင့် မြို့နယ်ပါတီရုံးတွင် စတင်ဖွင့်လှစ်ခဲ့ ပါသည်။

ယခုလ ၁၈ ရက် နံနက်တွင် ဗဟိုကော်မတီဝင် တိုင်းဒေသကြီးပါတီ ကော်မတီဘဏ္ဍာရေးမှူး ဒေါ်အေးမင်းမိုးက အမျိုးသားနိုင်ငံရေးနှင့်ကာကွယ်စောင့်ရှောက်ရမည့် လုပ်ငန်းတာဝန်များခေါင်းစဉ်ဖြင့် သင်တန်းပို့ချခဲ့ပြီး မွန်းလွဲ ၃း၀၀ အချိန်နာရီတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးလှမြင့်၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးမောင်မောင်သန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များနှင့်အတူ သင်တန်းသား ၄၂ ဦးအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ပြီး သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်း သိရသည်။

ဝင်းကျော်(ဒေါပုံ)