ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်နှင့်အဖွဲ့ အောင်လံမြို့နယ် အင်းလယ်ကျေးရွာများမှ ပါတီဝင်များနှင့် တွေ့ဆုံ

 

ဖေဖော်ဝါရီ ၂၄ အောင်လံ

ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ် အပါအဝင် အောင်လံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အဖွဲ့ဝင်များသည် ယမန်နေ့ အောင်လံမြို့နယ်မှ အင်းလယ်ကျေးရွာမှ ဒေသခံပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံပွဲတွင် ကျေးရွာဒေသခံပါတီဝင်များက လက်ရှိဒေသတွင်း ဖြစ်ပေါ်လျက် ရှိသည့် အခက်အခဲများကို ရင်ဖွင့်ပြောဆိုခဲ့ပြီး ပါတီဗဟိုအတွင်းရေးမှူး အပါအဝင် မြို့နယ်ပါတီတာဝန်ရှိသူများ ပြန်လည်ရှင်းလင်းဆွေးနွေးကာ ဒေသခံပါတီဝင်များ၏ အကူညီတောင်းခံချက်များကို ဖြည့်ဆည်းပေးခဲ့ပါသည်။ အဆိုပါ တွေ့ဆုံပွဲကို ပါတီဗဟိုအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ တိုင်းဒေသကြီးကော်မတီဝင် ဦးတင်ဝင်း၊ အောင်လံမြို့နယ် ပါတီဥက္ကဌ ဦးစန်းလွင် အပါအဝင် ပါတီမှတာဝန်ရှိသူများနှင့် ဒေသခံပါတီဝင်များ တက်ရောက် ခဲ့ကြပါသည်။