စဥ့်ကူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Online Media မွမ်းမံ (ဆင့်ပွား) သင်တန်းကျင်းပ

(၂၀.၁၂.၂၀၁၇) ရက်​​နေ့ နံနက်​ (၀၉း၃၀) နာရီအချိန်​တွင်​ စဉ့်​ကူးမြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ Online Media မွမ်းမံ (ဆင့်​ပွား) သင်​တန်း ကျင်းပပြုလုပ်ခဲ့ပါသည်​။

အဆိုပါ သင်​တန်းဖွင့်​ပွဲအခမ်းအနားသို့ မန္တ​လေးတိုင်း​ဒေသကြီး ပါတီ​ကော်​မတီဝင်​များဖြစ်​ကြ​သော ဦးတင့်လွင်ဦးနှင့်​ ဦး​ကျော်​စန်း၊ ပြင်​ဦးလွင်​ခရိုင်​ပါတီဥက္ကဌ ဦးဝင်းကြည်​နှင့်​ ခရိုင်​​ကော်​မတီဝင်​များ၊ ​သင်​တန်း နည်းပြများဖြစ်​ကြ​သော ဦးဝင်းလှိုင်​ငြိမ်းနှင့်​ ဦး​ဇော်​​အောင်​ထက်​၊ စဉ့်​ကူးမြို့နယ်​ပါတီ​ဥက္ကဌ ဦးခင်​​မောင်​ဝင်းနှင့်​​ကော်​မတီဝင်​များ၊ ရပ်​​/​ကျေး​ခေါင်း​ဆောင်​များ၊ သင်​တန်းသား/သူများတက်​​ရောက်​ခဲ့ကြပြီး တိုင်း​ဒေသကြီးပါတီ​ကော်​မတီဝင်​ ဦးတင့်​လွင်​ဦးမှ သင်​တန်းဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ သင်​တန်းနည်းပြများမှ သင်​ခန်းစာများကို ဆက်​လက်​​ ဆွေး​နွေးပို့ချခဲ့​ပါသည်​။

#ပြည်​ခိုင်​ဖြိုး #မန္တ​လေးတိုင်း​ဒေသကြီး