ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရန်ကုန် ဖေဖော်ဝါရီ ၂၀

ရန်ကုန်တိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်း/ခရိုင်/မြို့နယ် လုပ်ငန်းညှိနှိင်းအစည်းအဝေးကို ယနေ့နံနက် ၁၀:၀၀ နာရီအချိန်က ရန်ကုန်တိုင်းပြည်ခိုင်ဖြိုးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေ့ဦးစွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီဥက္ကဌ ဦးခင်မောင်စိုးမှ နေပြည်တော် ပါတီဌာနချုပ်၌ ၁၄.၂.၂၀၂၃ ရက်နေ့မှ ၁၆.၂.၂၀၂၃ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေး၏ အတွေ့အကြုံအား ရှင်းလင်းပြီး အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းနှင့် တိုင်းကော်မတီဝင်များမှ ရေးရာအလိုက် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ခရိုင်ဥက္ကဌများ မြို့နယ်ဥက္ကဌများမှ ရက် (၉၀) စီမံချက်အား အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် နယ်မြေအတွင်းအခြေအနေများအား တင်ပြခဲ့ကြသည်။

ထို့နောက် တိုင်းပါတီဥက္ကဌမှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။