စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံဝန်ထမ်းများအတွက် သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချပေးမည်

စက်ရုံ၊ အလုပ်ရုံနှင့် အခြေခံဝန်ထမ်းများအတွက် ဆန်ကိုသက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ကထုတ်ပြန်ထားသည်။

လတ်တလော ဆန်စျေးမြင့်တက်မှုအခြေအနေကြောင့် အ​ခြေခံအလုပ်သမား၊ ဝန်ထမ်းမိသားစုများ သက်သာစေရန် ရောင်းချပေးခြင်းဖြစ်ပြီး ရောင်းချရာတွင် ဧည့်မထ ၁၀ ရာခိုင်နှုန်းအဆင့် 10 kg(၅ ပြည်ခန့်) တစ်အိတ်ကို ၁၀၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်ကြောင်း၊ ယင်းအပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ စက်ရုံများသို့ မှာယူသည့် အိတ်ရေအနည်း အများပေါ် မူတည်၍ အရောက်ပို့ခြင်း(သို့မဟုတ်) သတ်မှတ်နေရာတွင် လာရောက်ထုတ်ယူနိုင်ကြောင်း သိရသည်။

ဆန်စားသုံးသူများအနက် စက်ရုံ ၊ အလုပ်ရုံ၊ အခြေခံဝန်ထမ်းမိသားစုများအတွက် သက်သာသောစျေးနှုန်းဖြင့် ဆန်ရောင်းချပေးရာတွင် 10 kg ဆန်အိတ်ရေ ၂၁၆၆၀၀ ခန့်ကို ရောင်းချပေးပြီးဖြစ်ကြောင်း သိရသည်။

ယင်းအပြင် အခြားသောဆန်အမျိုးအစားများကို ဝယ်ယူလိုပါက စျေးနှုန်းမှန်ဖြင့်ရောင်းချပေးနေသည့် ဝါးတန်းဆန် စပါး ကုန်စည်ဒိုင်၊ ဘုရင့်နောင်ကုန်စည်ဒိုင်တို့တွင်နေ့စဥ်ဝယ်ယူနိုင်ကြောင်း သိရသည်။