၂၀၁၈ – ကြားဖြတ်​​ရွေး​ကောက်​ပွဲတွင်​ မြင်းခြံမဲဆန္ဒနယ်​မှ ပါဝင်​ယှဉ်​ပြိုင်​မည့် ကိုယ်​စားလှယ်​​လောင်းမိတ်​ဆက်

 

အမည်​ – ​ဒေါက်​တာသန်းဝင်း
လူမျိုး/ဘာသာ – ဗမာ၊ ဗုဒ္ဓ
အသက်​ – ၆၃ နှစ်​ (၇.၁.၁၉၅၅)
မွေးဇာတိ – စွန်းလွန်းရပ်​၊ မြင်းခြံမြို့နယ်​။
ပညာအရည်​အချင်း – MB.,BS(Mdy)M.MED.SC(Public Health)
အလုပ်​အကိုင်​ –
အဖအမည်​ – ဦးဘသစ်
အမိအမည်​ – ​ဒေါ်အုန်းကြည်
ဇနီးအမည်​ – ​ဒေါ်​ဘေဘီ​စောလျှံ
ထမ်း​ဆောင်​ခဲ့ဖူး​သောတာဝန်​ – ညွှန်​ကြား​ရေးမှူး၊ မန္တ​လေးတိုင်း​ဒေသကြီး ကျန်းမာ​ရေးဦးစီးဌာန။
ဝင်​​ရောက်​ယှဉ်​ပြိုင်​မည့်​ မဲဆန္ဒနယ်​ – မြင်းခြံမဲဆန္ဒနယ်​၊ ပြည်​သူ့လွှတ်​​တော်
——————————————————————-
ဒေါက်​တာသန်းဝင်းအား မြင်းခြံမြို့နယ်​ စွန်းလွန်းရပ်​တွင်​​ အဖ – ဦးဘသစ်​၊ အမိ – ​ဒေါ်အုန်းကြည်​တို့မှ ၁၉၅၅ – ခုနှစ်​၊ ဇန်​နဝါရီလ (၇) ရက်​တွင်​ ​မွေးဖွားခဲ့ပါသည်​။ မူလတန်းပညာကို မြင်းခြံမြို့နယ်​ ရွာစည်​မူလတန်း​ကျောင်းတွင်​ လည်း​ကောင်း၊ အလယ်​တန်းနှင့် အထက်​တန်းပညာကို အ.ထ.က (၁) မြင်းခြံတွင်​ လည်း​ကောင်း ဆည်းပူးခဲ့ပြီး (၁၉၈၁) ခုနှစ်​တွင်​ မန္တ​လေး​ဆေးတက္ကသိုလ်​မှ M.B.B.S ဘွဲ့ရရှိခဲ့ပါသည်​။ ၁၉၉၉ – ခုနှစ်​တွင်​ ရန်​ကုန်​​ဆေးတက္ကသိုလ်​မှ မဟာသိပ္ပံ​ဆေးပညာဘွဲ့(ပြည်​သု့ကျန်းမာ​ရေး) ရရှိခဲ့ပါသည်​။ ကျန်းမာ​ရေးဝန်​ကြီးဌာနတွင်​ ညွှန်​ကြား​ရေးမှူးအဆင့်ထိ တာဝန်​ထမ်း​ဆောင်​ခဲ့ပါသည်​။ ကျန်းမာ​ရေးဌာနတွင်​ တာဝန်​ထမ်း​ဆောင်​စဉ်​ကာလအတွင်း၌လည်း ပြည်​တွင်း၊ ပြည်​ပများသို့ သွား​ရောက်​ပြီး ပြည်​သူများကျန်းမာ​ရေးအတွက်​ စွမ်းစွမ်းတမံ ​ဆောင်​ရွက်​ခဲ့သူတစ်​ဦးလည်း ဖြစ်​ပါသည်​။