ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး တနသာင်္ရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် ပါတီဝင်ထုနှင့်တွေ့ဆုံ

တနသာင်္သာရီ နိုဝင်ဘာ ၈

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များသည် ယနေ့ နိုဝင်ဘာ ၉ ညနေ ၂ နာရီခွဲတွင် တနသာင်္ရီတိုင်းဒေသကြီး လောင်းလုံမြို့ မြို့နယ်ပါတီရုံးခန်းမ တွင် လောင်းလုံမြို့နယ် အတွင်းရှိ ပါတီဝင်ထုနှင့် တွေ့ဆုံကာ ပါတီဝင်များအား လမ်းညွှန်သြဝါဒ စကားမိန့်ကြားခဲ့သည်။
အခမ်းအနားကို နိုင်ငံတော်သီချင်းအားသံပြိုင်သီဆိုဖွင့်လှစ်ပြီး တနသာင်္ရီတိုင်းဒေသကြီး လောင်းလုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင်မောင်မြင့်က မြို့နယ် အစီရင်ခံစာအား တင်ပြ သည်။
ထို့နောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ပါတီရေးရာကိစ္စများအား ရှင်းလင်းပြောကြားပြီး ပါတီဗဟိုအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်မှ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက မြို့နယ်အတွင်းရှိ ပါတီဝင်များအား လမ်းညွှန်အမှာစကား ပြောကြားသည်။
အစီအစဉ်အရ မြို့နယ်ပါတီ ဥက္ကဋ္ဌ ဦးတင်မောင်မြင့်မှ ပါတီဝင်နှစ်စဉ်ကြေးများပေးအပ်ရာ ပါတီအတွင်းရေးမှူး ဒေါက်တာကျော်ကျော်ဌေးမှ လက်ခံရယူကာ အခမ်းအနား အောင်မြင်စွာ ပြီးမြောက်သည်။
အဆိုပါအခမ်းအနားသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုပါတီအလုပ်အမှုဆောင် ဦးဝဏ္ဏမောင်လွင်၊ ဗဟိုအတွင်းရေမှူး ဒေါက်တာကျော်ကျော်ဌေး၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာအောင်မြတ်ဦး၊ တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌဦးသန်းအောင်၊ ဗဟိုပါတီကော်မတီဝင် ဒေါက်တာနန္ဒာလှမြင့် တိုင်းပါတီကော်မတီဝင်များ၊ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင်မောင်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ ရပ်ကွက်ကျေးရွာများမှ စည်းရုံးရေးမှူးများ၊ ပါတီဝင်များ တက်ရောက်ခဲ့ကြသည်။