ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရေဘေးသင့်ပြည်သူများအတွက် ရေသန့်ဘူးများလှူဒါန်း

 

ပဲခူး ဇူလိုင် ၂၉

ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင် ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ် ကော်မတီဝင်များသည်ပဲခူးမြို့နယ် အတွင်းဖွင့်လှစ်ထားရှိသော ရေဘေး ကယ်ဆယ်ရေးစခန်းများအနက်မှ သောက်သုံးရေ ပြတ်လပ်နေသော ကယ်ဆယ်ရေး စခန်းများသို့သွား ရောက်ပြီး ယမန်နေ့ ညနေပိုင်းက ရေသန့်ဘူးများလှူဒါန်းခဲ့ကြသည်။

ရှေးဦးစွာ ပြည်ခိုင်ဖြိုးပါတီ မြို့ နယ်ကော်မတီဝင်များသည် ကလိ ကျေးရွာ ကလိစာသင်ကျောင်း ကယ်ဆယ်ရေးစခန်းသို့သွားရောက် ပြီး ရေသန့်ဘူး ၄၂ဝနှင့် ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက် ချမ်းမြေ့ ဇေယျာစာသင်တိုက်တွင် သီတင်း သုံးနေကြသည့် စာချစာသင်သံဃာ အပါး ၃ဝဝ ကျော်တို့အတွက် သောက်ရေသန့်ဘူး ၃၆ဝတို့ကို သွားရောက်လှူဒါန်းခဲ့ကြောင်း သိရ သည်။
ပဲခူးမြို့တွင် ယခုလ ၂၆ ရက် မွန်းလွဲပိုင်းမှစတင်ပြီး ကလိကျေး ရွာ၌ ကလိစာသင်ကျောင်း၊ ကျွန်း သာယာရပ်ကွက်တွင် ရွှေနံ့သာ ဘုန်းတော်ကြီးကျောင်း၊ မြို့သစ် ရပ်ကွက်တွင် တိုင်းအားကစားခန်းမ၊ ကြခတ်တောရကျောင်း၊ မုန်တိုင်း ကျေးရွာတွင် မုန်တိုင်းဘုန်းတော် ကြီးကျောင်း၊ ကလျာဏီရပ်ကွက် တွင် ကလျာဏီသိမ်၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်တွင် ဝင်္ဂဘာ ကျောင်း၊ ကျောင်းသစ်ကျောင်း၊ ရွှေဘုန်းပွင့်ဘုရား၊ မဇင်းရပ်ကွက် တွင် ကြေးနီကန်တိုက်အုပ်ကျောင်း၊ စဋိကာရာမဘုရားကျောင်း၊ မြသာ လျောင်းဘုရား၊ အာနန္ဒာဘုရား၊ ဥဿာမြို့သစ် (၇) ရပ်ကွက်တွင် ပညာဝန်ဘုန်းကြီးကျောင်း၊ ဒက္ခိဏ သာခါဘုန်ကြီးကျောင်း၊ ကျောက် ကြီးစုရပ်ကွက်တွင် မွန်ဓမ္မာရုံ၊ ဘုရားကြီးမြို့(၁) ရပ်ကွက်တွင် မဟာဝိဇယရံဘုရား၊ ရွာသစ် ရပ်ကွက်တွင် အလက(ခွဲ) ရွာသစ်၊ ဇိုင်းဂနိုင်းမြောက်ပိုင်းရပ်ကွက်တွင် အထက(၄) စသည့်နေရာများ၌ ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ် ထားရှိပြီး အဆိုပါကယ်ဆယ်ရေး စခန်းအားလုံးတွင် ရေဘေးသင့် ပြည်သူ ၂၅ဝဝဝ ကျော်ရှိကြောင်း သိရသည်။

တင်စိုး(ပဲခူး)