ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ် (၃) သင်တန်းဖွင့်ပွဲ ကျင်းပ

၈.၁.၂၀၁၈ ရက်နေ့ နံနက် ၈:၃၀ နာရီချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဌာနချုပ် သင်တန်းခန်းမ၌ နိုင်ငံရေးစီမံခန့်ခွဲမှု နည်းပြသင်တန်းအမှတ်စဉ် (၃) ဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆို၍ စတင်ဖွင့်လှစ်ကာ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေးမှ အမှာစကား ပြောကြားပြီး နံနက် ၉:၀၀ နာရီချိန်တွင် ပြီးမြောက်ခဲ့ပါသည်။ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌကြီး ဦးသန်းဋ္ဌေး ၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ ၊ ပါတီဗဟိုကော်မတီဝင်များ ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ (၁၀၀) ဦးတို့ တက်ရောက်ခဲ့ကြပါသည်။