ပြည်ခိုင်ဖြိုးပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကျေးရွာဘုံကထိန်ပွဲနှင့် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ တက်ရောက်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်သိန်းသည် နိုဝင်ဘာလ (၃) ရက်နေ့ တန်ဆောင်မုန်းလပြည့်နေ့ နံနက် (၀၉း၀၀) နာရီချိန်တွင် ချောင်းဆုံမြို့နယ် ကွမ်ရိုက်ကျေးရွာ ကျိုက်တမော့လဲ့စေတီတော်ရင်ပြင်၌ စုပေါင်းဘုံကထိန်ပွဲကျင်းပရာ အခမ်းအနားသို့ တက်ရောက်ကာ ကထိန် သင်္ကန်းကပ်လှူကာ ရေစက်ချ အမျှပေးဝေခဲ့သည်။ယင်းနောက် ညနေ (၀၄း၃၀) နာရီချိန်တွင် ကလော့ – အပြိုင်ကျေးရွာ၏ (၂၇) ကြိမ်မြောက် သက်ကြီးပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး အဖိုး၊ အဖွားတို့အား ပူဇော်ကန်တော့ခဲ့သည်။

#admin_team