လူငယ်ရေးရာ အမျိုးသမီးရေးရာနှင့် မီဒီယာတာဝန်ရှိသူများတွေ့ဆုံ

 

တမူး ဇူလိုင် ၂၉

တမူးပြည်ခိုင်ဖြိုးပါတီနှင့်လူငယ်ရေးရာ အမျိုးသမီးရေးရာနှင့် မီဒီယာတာဝန်ရှိသူများတွေ့ဆုံပွဲကို ယမန်နေ့ မွန်းလွဲ ၁နာရီက ရွှေခြင်္သေ့ခန်းမတွင် ကျင်းပခဲ့သည်။ ခရိုင်ပါတီဥက္ကဋ္ဌဦးခင်မောင်ရွှေ က ပါတီရေးရာကိစ္စရပ်များ လက်ရှိမြန်မာ့နိုင်ငံရေး အခြေအနေ များကို ရှင်းလင်းဆွေးနွေးခဲ့သည်။ တက်ရောက်လာသူများက ရေးရာအလိုက်တင်ပြဆွေးနွေးကြပြီး ခရိုင်ပါတီဥက္ကဋ္ဌက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကိုကိုရွှေ