တာချီလိတ်ပြည်ခိုင်ဖြိုးပါတီမှ သက်ကြီးပူဇော်ပွဲအခမ်းအနားကျင်းပ

 

( ၁ – ၁၀ – ၂၀၁၇ ) ရက်နေ့၊.နံနက် (၉)နာရီတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ် မြို့နယ်၊မကာဟိုခမ်းရပ်ကွက်မြို့နယ်ဓမ္မရုံတွင် ၂၀၁၇ ခုနှစ် အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်ပိုများနေ့အထိမ်းအမှတ် သက်ကြီးပူဇော်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားသို့ တာချီလိတ်မြို့ပေါ်-ရပ်ကွက်မှ အဘိုး-အဘွား (၂၀၁)ဦးရှိသည့်အနက် (၉၂)ဦးတက်ရောက်ခဲ့ကြပါသည်၊ ယနေ့ဘိုးဘွားများအားစုပေါင်းကန်တော့ငွေနှင့် ပစ္စည်း တန်းဘိုးမှာ ကျပ်(၈၃)သိန်း၊(၇)သောင်းဖြစ်ကြောင်း ကျန်ဘိုးဘွားများကိုလည်း နေအိမ် အရောက်သွားရောက်ကန်တော့မှာဖြစ်ကြောင်းသိရပါသည်။

.အခမ်းအနားသို့ တာချီလိတ်(အခြေချ)စစ်ဗျူဟာမှူးနှင့်ဇနီး၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာဆိုင်ရာများလူမှု့ရေးအသင်းအဖွဲ့များ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ခရိုင် ပါတီ      ဥက္ကဌ ဦးဘိုစံ နှင့်မြို့နယ်ပါတီကော်မတီဝင်များ၊ပါတီလူငယ်(၁၀)ဦးတက်ရောက်ခဲ့ပြီး အလှူငွေကျပ်(၁)သိန်းထည့်ဝင်လှူဒါန်းခဲ့ကြပါသည်။အခမ်းအနားပြီးတွင် ဘိုးဘွားများကို နေ့လည်စာ    ဧည့်ခံပြီးကျန်းမာရေးစောင့်ရှောက်မှုများလည်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါ သည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း သတင်းစုံ