အလယ်ပိုင်းရပ်ကွက်ပြည်ခိုင်ဖြိုးပါတီဆိုင်းဘုတ်တင်

 

နတ်တလင်း ဇူလိုင် ၂၉

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် နတ်တလင်းမြို့နယ် တာပွန်မြို့အလယ်ပိုင်းရပ်ကွက် တက်နေမင်းလမ်း မြို့နယ်ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီအရန်ကော်မတီဝင်ဦးထွန်း ထွန်း၏နေအိမ်တွင် ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်က ပါတီဆိုင်းဘုတ် တင်ပွဲအခမ်းအနားနှင့် တွေ့ဆုံပွဲ ကျင်းပသည်။

အခမ်းအနားသို့ မြို့နယ်ပြည် ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးတင့်လွင်၊ အ တွင်းရေးမှူးဦးမြစိုး၊ ကျေးရွာအုပ်စု ၁၈ အုပ်စုဇုန်နယ်မြေတာဝန်ခံ ဦးအောင်မြင့်ဦး၊ဇီးပင်ကွေ့ကျေးရွာ အုပ်စုရပ်မိရပ်ဖ ဦးတင်စိုးတို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး မြို့ နယ်ပါတီအဖွဲ့နှင့် ၁၈ အုပ်စုတို့မှ လာရောက်ကြသော ကျေးရွာအုပ်စု ပါတီဥက္ကဋ္ဌများ၊အဖွဲ့ဝင်များ၊ ရပ်မိ ရပ်ဖများနှင့် တွေ့ဆုံဆွေးနွေးကြရာ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်း ရေးမှူးဦးမြစိုး၊ဇုန်နယ်မြေတာဝန်ခံ ဦးအောင်မြင့်ဦး၊မြို့နယ်ပါတီဥက္ကဋ္ဌ ဦးတင့်လွင်တို့က ပါတီလုပ်ငန်း ဆိုင်ရာကိစ္စများ ရှေ့လုပ်ငန်းစဉ် များအကြောင်းပြောကြားရာ တက် ရောက်လာသော ပါတီဝင်များက လိုအပ်ချက်များ၊ အားသာချက် အားနည်းချက်များ တင်ပြဆွေးနွေး ကြသည်။ ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင် များက ပြန်လည်ရှင်းလင်းပြော ကြားသည်။

အခမ်းအနားသို့ ပါတီဝင်အင် အား ၃ဝဝ ခန့်တက်ရောက်ကြပြီး နံနက် ၁၁နာရီတွင် အခမ်းအနား ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ မြို့နယ်ပြည်ခိုင် ဖြိုးပါတီဥက္ကဋ္ဌနှင့်အဖွဲ့သည် မွန်း လွဲ ၁ နာရီတွင် အုတ်ဖိုစုကျေးရွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီအရန်ကော် မတီဝင်ဦးသောင်းဇင်၏ နေအိမ် တွင် ကျေးရွာအုပ်စုခြောက်အုပ်စုရှိ ကျေးရွာအုပ်စုပါတီဥက္ကဋ္ဌများ၊အဖွဲ့ ဝင်များ၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ ကာ ပါတီရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးကြကြောင်း သိရသည်။

တင်မြင့်(နတ်တလင်း)