တကောင်းမြို့မ အထက နှင့် ပေါ်တော်မူကျေးရွာ အထကခွဲကျောင်းများသို့ PPE ဝတ်စုံနှင့် Mask များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး  ပြင်ဦးလွင်ခရိုင်  သပိတ်ကျင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဥက္ကဋ္ဌ  ဦးထွန်းတင့်၊ တကောင်းမြို့  ပါတီတာဝန်ခံ ဦးလှိုင်မျိုးဝင်းနှင့် ပါတီဝင်များ သည် ယမန်နေ့နံနက် ၁ဝ နာရီက တကောင်းမြို့မ အထကကျောင်း သို့ PPE ဝတ်စုံ လေးစုံနှင့် Mask အခု ၅ဝ အား လည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် ပေါ်တော်မူ ကျေးရွာ အထက ခွဲသို့ PPE ဝတ်စုံ လေးစုံနှင့် Mask အခု ၅ဝ အား လည်းကောင်း သွားရောက်ပေး အပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ် ဆရာကြီးများက အသီးသီးလက် ခံရယူခဲ့ကြောင်း သိရသည်။

သပိတ်ကျင်းမြို့နယ်တကောင်း တိုက်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းအဆင့် ကျောင်းများ ကို ယခုလ ၂၁ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး COVID-19 ရောဂါ တားဆီး ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသားများအား နှာခေါင်း စည်းများနှင့်Face Shield  များ တပ်ဆင်စေခြင်း၊ ကျောင်းတွင်းသို့ မဝင်မီ  အပူချိန်တိုင်းတာခြင်း၊ စာသင်ခန်းအဝင်အဝတွင် လက်ဆေး ဘေစင်များ ထားရှိပြီး စနစ် တကျလက်ဆေးစေခြင်း၊ စာသင် ခန်းတစ်ခန်းလျှင် ကျောင်းသားဦး ရေ ၂ဝ နှုန်းဖြင့် တစ်ဦးနှင့် တစ်ဦး  ခြောက်ပေအကွာ ထိုင်၍ စာသင် ကြားခြင်းများကိုပြုလုပ်ဆောင်ရွက် ထားကြောင်း သိရသည်။