မြိတ်ခရိုင်ပြည်ခိုင်ဖြိုး ပါတီရုံး၌ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

တနင်္သာရီ ဇွန် ၎

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေး ခန်းမတွင် လေးမြို့နယ်၏ ပါတီဥက္ကဋ္ဌများနှင့် ခရိုင်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁ဝ နာရီ ၁၅ မိနစ်က ကျင်းပခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ မြိတ်ခရိုင်ပါတီ ဥက္ကဋ္ဌဦးဝင်းဆွေ၊ ဘဏ္ဍာရေးမှူး ဦးအေးအောင်နှင့် မြိတ်ခရိုင်ပါတီ ကော်မတီဝင်များနှင့် မြိတ်ခရိုင်အတွင်းရှိ မြိတ်မြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်၊ တနင်္သာရီ မြို့နယ်များမှ ပါတီဥက္ကဋ္ဌများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြိတ်ခရိုင်ပါတီ ဥက္ကဋ္ဌဦးဝင်းဆွေက ပါတီ၏ ရှေ့လုပ်ငန်းများနှင့် ပါတီစည်းရုံးရေး လုပ်ငန်း စဉ်များ ဆောင်ရွက်မည့် အစီအစဉ်ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြိတ်ခရိုင်ပါတီ ကော်မတီဝင်များနှင့် မြိတ်ခရိုင်အတွင်းရှိ လေးမြို့နယ်လုံးမှ ပါတီဥက္ကဋ္ဌများက မြို့နယ်အလိုက် လိုအပ်သည်များကို အသီးသီးေ ဆွးနွေးတင်ပြခဲ့ရာ မြိတ်ခရိုင်ပါတီဥက္ကဋ္ဌ ဦးဝင်းဆွေက ပြန်လည် ဆွေးနွေးညှိနှိုင်းပေးပြီး လိုအပ်သည်များကို မှာကြား၍ အစည်းအဝေးကို နံနက် ၁၁ နာရီခွဲတွင် ပြီးမြောက် ခဲ့ကြောင်း သိရသည်။

ဖြူမျိုး(တနင်္သာရီ)