ရေဘေးသင့်ပြည်သူများအား ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီ​မှ ရေသန့်နှင့် စားသောက်ဖွယ်ရာများ သွားရောက်လှူဒါန်း

 

ဘီးလင်း၊ ဇူလိုင်​ ၂၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်​ပြည်​​ထောင်​စုကြံ့ခိုင်​​ရေးနှင့်​ဖွံ့ဖြိုး​ရေးပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေဦး​ဆောင်​​သောအဖွဲ့သည်​ ယမန်နေ့ နံနက် ​(၁၁) နာရီတွင်​​ ရေ​ဘေးသင့်​ပြည်​သူများအား စားသောက်ဖွယ်ရာများ သွား​ရောက်​လှူဒါန်းခဲ့​ကြောင်းသိရသည်​။
 ပထမဦးစွာ ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပာတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေနှင့် အဖွဲ့သည်​ ဒညင်းကုန်း​ကျေးရွာအုပ်​စု​ရှိ ရေ​ဘေးသင့်​ပြည်​သူများအားလည်​​ကောင်း၊ ဟုံးဝ​ကျေးရွာအုပ်​စု ဖိုးကြီးဆိမ်​ရပ်​ကွက်​ရှိ​ ရေ​ဘေးသင့်​ပြည်​သူများအားလည်​​ကောင်း၊ရေသန့်ဗူးများနှင့် စား​သောက်​ဖွယ်​ရာများအား လှူဒါန်းခဲ့​ကြောင်း သိရသည်​။
အဆိုပါလှူဒါန်းရာသို့ ဘီးလင်းမြို့နယ်​ပြည်​ခိုင်​ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်​​ဆွေ၊မြို့နယ်​​ကော်​မတီဝင်​ဦးမင်းကြည်​၊ ဦးသိန်း​ဇော်​ဝင်း၊​ဒေါ်နှင်းဆီနှင့်​ မြို့နယ်​အရံ​ကော်​မတီဝင်​များမှ သွားရောက် လှူဒါန်းခဲ့​ကြောင်း သိရှိရသည်​။

#Admin