စဉ့်​ကိုင်​ပြည်​ခိုင်​ဖြိုးပါတီ ရပ်​/​ကျေးပါတီဥက္ကဌများတာဝန်​​ပေးအပ်​ပွဲနှင့်​ပါတီဝင်​အဆိုပြုလွှာများ​စု​ပေါင်း​ပေးအပ်​ပွဲကျင်းပ

 

(၁၀.၂.၂၀၁၈)ရက်​​နေ့ နံနက်​(၁၀း၀၀)အချိန်​တွင်​ စဉ့်​ကိုင်​မြို့နယ်​ ပြည်​ခိုင်​ဖြိုးပါတီရုံး၌ ရပ်​/​ကျေးပါတီဥက္ကဌများတာဝန်​​ပေးအပ်​ပွဲနှင့်​ပါတီဝင်​အဆိုပြုလွှာများ​စု​ပေါင်း​ပေးအပ်​ပွဲကျင်းပပြုလုပ်​ရာ မန္တ​လေးတိုင်း​ဒေသကြီးပါတီဥက္ကဌ ဦးဝင်း​မောင်​၊ တိုင်း​ဒေသကြီးပါတီအတွင်း​ရေးမှူး ဦး​အောင်​​ကျော်​မိုးနှင့်​တိုင်း​​ပါတီကော်​မတီဝင်​များ၊ ​ကျောက်​ဆည်​ခရိုင်​ပါတီဥက္ကဌ ဦး​အောင်​မြင့်​သန်းနှင့်​ခရိုင်​​ကော်​မတီဝင်​များ၊ စဉ့်​ကိုင်​မြို့နယ်​ပါတီဥက္ကဌ ဦးကြည်​ပြုံးနှင့်​​ကော်​မတီဝင်​များ၊ ရပ်​/​ကျေးပါတီဥက္ကဌတာဝန်​​ပေးခြင်းအပ်​ခံရသူများ၊ ပြည်​ခိုင်​ဖြိုးပါတီသို့ဝင်​​ရောက်​မည့်​ပါတီဝင်​အသစ်​များတက်​​ရောက်​ခဲ့ကြပါသည်​။ အခမ်းအနားအားနိုင်​ငံ​တော်​သီချင်းသံပြိုင်​သီဆိုကာဖွင့်​လှစ်​ခဲ့ပြီး တိုင်း​ဒေသကြီးပါတီဥက္ကဌမှ အဖွင့်​အမှာစကား​ပြောကြားခဲ့ပါသည်​။ ထို့​နောက်​ရပ်​​/​ကျေးပါတီဥက္ကဌများအား တာဝန်​​ပေးအပ်​လွှာများ​ပေးအပ်​ခြင်း၊ ပါတီဝင်​​ကြေးများ​ပေးအပ်​ခြင်း၊ ပါတီဝင်​တစ်​ဦးမှ​ကျေးဇူးတင်​စကားပြန်​လည်​​ပြောကြားခြင်း၊ ပါတီဝင်​အသစ်​များအားရင်​ထိုးများတပ်​ဆင်​​ပေးခြင်းတို့အပြီးတွင်​ တက်​​ရောက်​လာကြ​သောပါတီဝင်​အသစ်​များအား တိုင်းပါတီဥက္ကဌနှင့်​အဖွဲ့မှရင်းရင်းနှီးနှီးနှုတ်​ဆက်ခဲ့​ကြောင်း သိရှိရပါသည်​။
#ပြည်​ခိုင်​ဖြိုး
#မန္တ​လေးတိုင်း​ဒေသကြီး