သားဖြစ်သူ ဒါဗီဒယ်ကို လက်ထောက်နည်းပြအဖြစ် ဘိုင်ယန်မြူးနစ်အသင်းသို့ အန်ဆယ်လော့တီ ခေါ်ယူခန့်အပ်

14141739_1755069454745938_1262389074698630358_n

ဘိုင်ယန်မြူးနစ်အသင်းနှင့်အတူ ဘွန်ဒစ်လီဂါရာသီသစ်ကို စတင်ဆင်နွှဲတော့မည့် နည်းပြအန်ဆယ်လော့တီသည် သူ၏သားဖြစ်သူ ဒါဗီဒယ်အန်ဆယ်လော့တီကို လက်ထောက်နည်းပြအဖြစ် ခေါ်ယူခန့်အပ်လိုက်ကြောင်း သိရှိရသည်။

အသက်(၂၇)နှစ်သာ ရှိသေးသည့် ဒါဗီဒယ်သည် အေစီမီလန်အသင်းတွင် လူငယ်ကစားသမားတစ်ဦးအဖြစ် ဖြတ်သန်းခဲ့ဖူးသော်လည်း အသင်းကြီးသို့ မရောက်ရှိခဲ့ပေ။

ထို့ပြင် နည်းပြအတွေ့အကြုံမှာလည်း အန်ဆယ်လော့တီ ရီးယဲလ်အသင်းကို ကိုင်တွယ်စဉ်က ကြံ့ခိုင်ရေးနည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးခြင်းသာ ရှိသေးကြောင်းလည်း သိရှိရသည်။

သို့သော် အန်ဆယ်လော့တီသည် သားဖြစ်သူကို ဂျာမန်ဘာသာစကား သင်ယူခိုင်းခဲ့ပြီးနောက် ဘိုင်ယန်မြူးနစ် အသင်းသို့ ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဘိုင်ယန်မြူးနစ်အသင်း၏ လက်ထောက်နည်းပြဖြစ်လာသည့် ဒါဗီဒယ်က “ကျွန်တော့်တာဝန်က နည်းပြတွေကို လေ့ကျင့်ရေးအစီအစဉ်၊ ပွဲကြိုပြင်ဆင်မှုနဲ့ ပွဲယှဉ်ပြိုင်ကစားချိန် အားလုံးမှာ ကူညီထောက်ပံ့ပေးဖို့ ဖြစ်ပါတယ်” ဟု ဆိုခဲ့သည်။

Photos: Gettyimages


Leave a Reply