ပဲခူးၿမိဳ႕နယ္ရွိ ေရေဘးသင့္ စာသင္ေက်ာင္းမ်ားသို႔ ျပည္ခိုင္ၿဖိဳးပါတီတာဝန္ရွိသူမ်ား ေရသန္႔ကဒ္မ်ားလႉဒါန္း ေရေဘးသင့္အိမ္ေထာင္စုမ်ားအား ေရသန္႔ႏွင့္ဖေယာင္းတိုင္ထုပ္မ်ားလႉဒါန္း

ပဲခူး နိုဝင္ဘာ ၁၅
ပဲခူးၿမိဳနယ္အတြင္း ေရႀကီးမႈေၾကာင့္ ေရနစ္ျမႇပ္ခံရေသာ စာသင္ေက်ာင္းမ်ားႏွင့္ ေရေဘးသင့္အိမ္ေထာင္စုမ်ားအတြက္ေရသန္႔ကဒ္ႏွင့္ဖေယာင္းတိုင္ထုပ္မ်ားအား  ပဲခူးခရိုင္ပါတီဥကၠ႒ဦးေအာင္စိုးႏွင့္ခရိုင္ပါတီေကာ္မတီဝင္မ်ား ၊ ၿမိဳနယ္ပါတီဥကၠ႒ဦးမင္းခန္႔ေက်ာ္ႏွင့္ပါတီတာဝန္ရွိသူမ်ားမွ နိုဝင္ဘာလ ၁၄ ရက္ေန႔နံနက္ပိုင္းက စားေသာက္ဖြယ္ရာမ်ားႏွင့္ ေရသန္႔ကဒ္မ်ားသြားေရာက္လႉဒါန္းခဲ့ေၾကာင္းသိရသည္။
သြားေရာက္လႉဒါန္းခဲ့ရာတြင္ အဝိုင္းေက်းရြာ ေက်ာင္းအုပ္ဆရာမႀကီးမွေက်းဇူးတင္ ဝမ္းေျမာက္စကားေျပာၾကားခဲ့ၿပီး ေက်ာင္းရွိဆရာ/ဆရာမမ်ားအားပါတီတာဝန္ရွိသူမ်ားမွ ရင္းႏွီးစြာေတြ႕ဆုံႏႈတ္ဆက္ခဲ့ၿပီး ေက်ာင္းသား/ ေက်ာင္းသူမ်ားအသင့္ေသာက္သုံးနိုင္ရန္ ေရသန္႔ကဒ္မ်ားအား ေပးအပ္လႉဒါန္းခဲ့ၿပီး မြန္းလႊပိုင္းတြင္ ကၽြန္းသာယာရပ္ကြက္ရွိေရေဘးသင့္အိမ္ေထာင္စုမ်ားအတြက္ ေရသန္႔ကဒ္မ်ား အေရးေပၚလိုအပ္ေနေသာ ဖေယာင္းတိုင္ထုပ္မ်ားအား ေပးအပ္လႉဒါန္းခဲ့ပါသည္။

========================

ပဲခူးမြို့နယ်ရှိ ရေဘေးသင့် စာသင်ကျောင်းများသို့ ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ရေသန့်ကဒ်များလှူဒါန်း ရေဘေးသင့်အိမ်ထောင်စုများအား ရေသန့်နှင့်ဖယောင်းတိုင်ထုပ်များလှူဒါန်း

ပဲခူး နိုဝင်ဘာ ၁၅
ပဲခူးမြိုနယ်အတွင်း ရေကြီးမှုကြောင့် ရေနစ်မြှပ်ခံရသော စာသင်ကျောင်းများနှင့် ရေဘေးသင့်အိမ်ထောင်စုများအတွက်ရေသန့်ကဒ်နှင့်ဖယောင်းတိုင်ထုပ်များအား  ပဲခူးခရိုင်ပါတီဥက္ကဋ္ဌဦးအောင်စိုးနှင့်ခရိုင်ပါတီကော်မတီဝင်များ ၊ မြိုနယ်ပါတီဥက္ကဋ္ဌဦးမင်းခန့်ကျော်နှင့်ပါတီတာဝန်ရှိသူများမှ နိုဝင်ဘာလ ၁၄ ရက်နေ့နံနက်ပိုင်းက စားသောက်ဖွယ်ရာများနှင့် ရေသန့်ကဒ်များသွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
သွားရောက်လှူဒါန်းခဲ့ရာတွင် အဝိုင်းကျေးရွာ ကျောင်းအုပ်ဆရာမကြီးမှကျေးဇူးတင် ဝမ်းမြောက်စကားပြောကြားခဲ့ပြီး ကျောင်းရှိဆရာ/ဆရာမများအားပါတီတာဝန်ရှိသူများမှ ရင်းနှီးစွာတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး ကျောင်းသား/ ကျောင်းသူများအသင့်သောက်သုံးနိုင်ရန် ရေသန့်ကဒ်များအား ပေးအပ်လှူဒါန်းခဲ့ပြီး မွန်းလွှပိုင်းတွင် ကျွန်းသာယာရပ်ကွက်ရှိရေဘေးသင့်အိမ်ထောင်စုများအတွက် ရေသန့်ကဒ်များ အရေးပေါ်လိုအပ်နေသော ဖယောင်းတိုင်ထုပ်များအား ပေးအပ်လှူဒါန်းခဲ့ပါသည်။