ဗိုလ္တေထာင္ခရိုင္ ျပည္ခိုင္ၿဖိဳးပါတီ တိုင္း၊ခရိုင္၊ၿမိဳ႕နယ္၊ ရပ္ကြက္ ေခါင္းေဆာင္မ်ား ေတြ႕ဆုံပြဲက်င္းပ

သာေကတ။ ။‌ေအာက္တိုဘာ (၁၅)
ျပည္ေထာင္စု ႀကံ့ခိုင္ေရးႏွင့္ဖြံၿဖိဳးေရးပါတီ ၊ရန္ကုန္တိုင္းေဒသႀကီး ဗိုလ္တေထာင္ခရိုင္ မွ တိုင္း၊ခရိုင္၊ၿမိဳနယ္၊ရပ္ကြက္ေခါင္းေဆာင္မ်ားေတြ႕ဆုံပြဲအခမ္းအနားကို သာေကတၿမိဳနယ္ ပါတီ႐ုံးခန္းမတြင္ ယေန႔( ၁၅.၁၀.၂၀ ၂၃)တနဂၤေႏြေန႔ ေနလည္ (၁:၃၀)ကက်င္းပခဲ့ပါသည္။
အခမ္းအနားကို နိုင္ငံေတာ္သီခ်င္း သံၿပိဳင္သီဆိုဖြင့္လွစ္၍ ဗဟိုေကာ္မတီ၀င္၊တိုင္းေဒသႀကီးေကာ္မတီ၀င္ ေဒၚစန္းစန္း၀င္း ကအမွာစကားေျပာၾကားရာ ယခုလိုအတူလက္တြဲလုပ္ခဲ့ရသူမ်ား ႏွင့္ေတြ႕ဆုံလို ၀မ္းသာရပါေၾကာင္း၊ ၀န္းရံသူမ်ားထဲမွ အမ်ိဳးသမီးပါတီ၀င္မ်ားအားစုေဆာင္းရမည္ျဖစ္ပါေၾကာင္း၊ ပါတီေအာင္နိုင္ေရးအတြက္အတူႀကိဳးစားၾကရန္လိုအပ္ပါေၾကာင္းျဖင့္ေျပာၾကားခဲ့ပါသည္။
ဆက္လက္၍ ဗဟိုေကာ္မတီ၀င္၊တိုင္းေဒသႀကီးေကာ္မတီ၀င္ေဒၚေအးေအးျမင့္က ေဆြးေႏြး ေျပာၾကားရာ တြင္ ရက္ (၉၀)လုပ္ငန္းစဥ္မ်ားကို ေအာင္ျမင္စြာေဆာင္ရြက္ၾကရန္လိုအပ္ပါေၾကာင္း၊ နိုင္ငံေတာ္သီခ်င္းသီဆို ၿပီး အဲဒီအတိုင္းလိုက္နာရန္လိုအပ္ေၾကာင္း၊ပါတီလုပ္ငန္းစဥ္မ်ားေဆာင္ရြက္
ရာတြင္ အတက္နိုင္ဆုံးေျပလည္ေအာင္‌ေျဖရွင္းၾကရမည္ ျဖစ္ေၾကာင္း၊ဘာသာႀကီး (၄)မ်ိဳး လုံးကို စည္း႐ုံးေဆာင္ရြက္ၾကရန္လိုအပ္ေၾကာင္း၊ျပည္ခိုင္ၿဖိဳးပါတီေအာင္နိုင္ဖို ဝိုင္း၀န္းကူညီေပးၾကရန္ ေျပာၾကားခဲ့ပါသည္။
ထိုေနာက္ ျပည္ခိုင္ၿဖိဳးပါတီ အရန္ဗဟိုေကာ္မတီ၀င္ ဗိုလ္တေထာင္ခရိုင္ ပါတီဥကၠဌ ဦးဉာဏ္၀င္းထိုက္က ေဆြးေႏြးေျပာၾကားရာတြင္ ဗိုလ္တေထာင္ခရိုင္တြင္ စုစုေပါင္း (၇၅) ရပ္ကြက္ရွိ ၍ ရပ္ကြက္အဖြဲအားလုံးႏွင့္ေတြ႕ဆုံျခင္ပါေၾကာင္း၊ျပည္ခိုင္ၿဖိဴပါတီသည္သမိုင္းေၾကာင္းေကာင္းေသာ ပါတီႀကီးျဖစ္ေၾကာင္း၊စည္း႐ုံးေရးမလုပ္၍ မရပါေၾကာင္း၊လုပ္ကိုလုပ္ရမည္ျဖစ္။ ခရိုင္ေကာ္မတီ၀င္မ်ား သက္ဆိုင္ရာၿမိဳနယ္၊ရပ္ကြက္မ်ားထိကြင္းဆင္းမည္ျဖစ္ပါေၾကာင္း၊ပါတီတြင္းစည္းလုံးညီညြတ္ၾကရန္လိုအပ္ပါေၾကာင္းျဖင့္ေျပာၾကားပါသည္။ တက္ေရာက္လာေသာ ပါတီ၀င္မ်ား၊၀န္းရံသူမ်ားကလည္း ျပန္လည္ေဆြးေႏြးခဲ့ၾကပါသည္။ဆက္လက္၍ ရပ္ကြက္ပါတီေခါင္းေဆာင္မ်ားအား စားသုံးဆီဘူးမ်ားေထာက္ပံ့ေပးအပ္ခဲ့ပါသည္။
ထိုေနာက္ ဗိုလ္တေထာင္ၿမိဳနယ္ပါတီဥကၠဌဦးေစာဘြဲထူးကယခုလိုရပ္ကြက္ေခါင္းေဆာင္မ်ားအား စားသုံးဆီ ေထာက္ပံ့ျခင္းအတြက္ ေက်းဇူးတင္ရွိပါေၾကာင္း ႏွင့္ ယခုထက္ပို၍ ေထာက္ပံ့ေပးနိုင္ပါေစေၾကာင္း ေျပာၾကားခဲ့ၿပီး သာေကတၿမိဳနယ္ပါတီ အတြင္းေရးမႈး ဦး‌ေဝဠဳေအာင္က နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားၿပီး အခမ္းအနားကိုၿပီးဆုံးခဲ့ပါသည္။
ယေန႔ ရပ္ကြက္ေခါင္းေဆာင္မ်ားေတြ႕ဆုံပြဲ တြင္ တစ္ဦးလၽွင္စားသုံးဆီ( ၅၀)သားျဖင့္ ဘူး (၄၀၀) တန္ဖိုး ( ဆယ္သိန္းေျခာက္ေသာင္း) ေထာက္ပံ့‌ေပးအပ္ခဲ့ေၾကာင္းသိရပါသည္။

=============================

ဗိုလ်တထောင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ တိုင်း၊ခရိုင်၊မြို့နယ်၊ ရပ်ကွက် ခေါင်းဆောင်များ တွေ့ဆုံပွဲကျင်းပ

သာကေတ။ ။‌အောက်တိုဘာ (၁၅)
ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ၊ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်ခရိုင် မှ တိုင်း၊ခရိုင်၊မြိုနယ်၊ရပ်ကွက်ခေါင်းဆောင်များတွေ့ဆုံပွဲအခမ်းအနားကို သာကေတမြိုနယ် ပါတီရုံးခန်းမတွင် ယနေ့( ၁၅.၁၀.၂၀ ၂၃)တနင်္ဂနွေနေ့ နေလည် (၁:၃၀)ကကျင်းပခဲ့ပါသည်။
အခမ်းအနားကို နိုင်ငံတော်သီချင်း သံပြိုင်သီဆိုဖွင့်လှစ်၍ ဗဟိုကော်မတီ၀င်၊တိုင်းဒေသကြီးကော်မတီ၀င် ဒေါ်စန်းစန်း၀င်း ကအမှာစကားပြောကြားရာ ယခုလိုအတူလက်တွဲလုပ်ခဲ့ရသူများ နှင့်တွေ့ဆုံလို ၀မ်းသာရပါကြောင်း၊ ၀န်းရံသူများထဲမှ အမျိုးသမီးပါတီ၀င်များအားစုဆောင်းရမည်ဖြစ်ပါကြောင်း၊ ပါတီအောင်နိုင်ရေးအတွက်အတူကြိုးစားကြရန်လိုအပ်ပါကြောင်းဖြင့်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ ဗဟိုကော်မတီ၀င်၊တိုင်းဒေသကြီးကော်မတီ၀င်ဒေါ်အေးအေးမြင့်က ဆွေးနွေး ပြောကြားရာ တွင် ရက် (၉၀)လုပ်ငန်းစဉ်များကို အောင်မြင်စွာဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်သီချင်းသီဆို ပြီး အဲဒီအတိုင်းလိုက်နာရန်လိုအပ်ကြောင်း၊ပါတီလုပ်ငန်းစဉ်များဆောင်ရွက်
ရာတွင် အတက်နိုင်ဆုံးပြေလည်အောင်‌ဖြေရှင်းကြရမည် ဖြစ်ကြောင်း၊ဘာသာကြီး (၄)မျိုး လုံးကို စည်းရုံးဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ပြည်ခိုင်ဖြိုးပါတီအောင်နိုင်ဖို ဝိုင်း၀န်းကူညီပေးကြရန် ပြောကြားခဲ့ပါသည်။
ထိုနောက် ပြည်ခိုင်ဖြိုးပါတီ အရန်ဗဟိုကော်မတီ၀င် ဗိုလ်တထောင်ခရိုင် ပါတီဥက္ကဌ ဦးဉာဏ်၀င်းထိုက်က ဆွေးနွေးပြောကြားရာတွင် ဗိုလ်တထောင်ခရိုင်တွင် စုစုပေါင်း (၇၅) ရပ်ကွက်ရှိ ၍ ရပ်ကွက်အဖွဲအားလုံးနှင့်တွေ့ဆုံခြင်ပါကြောင်း၊ပြည်ခိုင်ဖြိူပါတီသည်သမိုင်းကြောင်းကောင်းသော ပါတီကြီးဖြစ်ကြောင်း၊စည်းရုံးရေးမလုပ်၍ မရပါကြောင်း၊လုပ်ကိုလုပ်ရမည်ဖြစ်။ ခရိုင်ကော်မတီ၀င်များ သက်ဆိုင်ရာမြိုနယ်၊ရပ်ကွက်များထိကွင်းဆင်းမည်ဖြစ်ပါကြောင်း၊ပါတီတွင်းစည်းလုံးညီညွတ်ကြရန်လိုအပ်ပါကြောင်းဖြင့်ပြောကြားပါသည်။ တက်ရောက်လာသော ပါတီ၀င်များ၊၀န်းရံသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြပါသည်။ဆက်လက်၍ ရပ်ကွက်ပါတီခေါင်းဆောင်များအား စားသုံးဆီဘူးများထောက်ပံ့ပေးအပ်ခဲ့ပါသည်။
ထိုနောက် ဗိုလ်တထောင်မြိုနယ်ပါတီဥက္ကဌဦးစောဘွဲထူးကယခုလိုရပ်ကွက်ခေါင်းဆောင်များအား စားသုံးဆီ ထောက်ပံ့ခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း နှင့် ယခုထက်ပို၍ ထောက်ပံ့ပေးနိုင်ပါစေကြောင်း ပြောကြားခဲ့ပြီး သာကေတမြိုနယ်ပါတီ အတွင်းရေးမှုး ဦး‌ဝေဠုအောင်က နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကိုပြီးဆုံးခဲ့ပါသည်။
ယနေ့ ရပ်ကွက်ခေါင်းဆောင်များတွေ့ဆုံပွဲ တွင် တစ်ဦးလျှင်စားသုံးဆီ( ၅၀)သားဖြင့် ဘူး (၄၀၀) တန်ဖိုး ( ဆယ်သိန်းခြောက်သောင်း) ထောက်ပံ့‌ပေးအပ်ခဲ့ကြောင်းသိရပါသည်။