ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း ဒေးဒရဲမြို့နယ် ရပ်ကျေးဥက္ကဋ္ဌများ ကော်မတီဝင်များနှင့် တွေ့ဆုံ

 

ဒေးဒရဲ မတ် ၁၇

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းသည် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီကော်မတီဝင်များနှင့် တွေ့ဆုံ ခဲ့သည်။ တွေ့ဆုံရာတွင် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက ရပ်ကွက်၊ ကျေးရွာပါတီဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ အနေဖြင့် မိမိတို့ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ၊ လုပ်ငန်းစဉ်များ၊ မူဝါဒများနှင့် ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးရာ နယ်မြေခံပါတီ ကော်မတီဝင်များက မိမိနယ်မြေ များအလိုက် တာဝန်ဝတ္တရားများ၊ တာဝန်ယူထားမှုအခြေအနေများ၊ ပါတီအောင်နိုင်ရေးအတွက် ဆောင်ရွက် ထားရှိမှုများ၊ မြို့နယ်ပါတီကော်မတီဝင်များ အနေဖြင့် မိမိတို့၏ တာဝန်ဝတ္တရားများ၊ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ် များ၊ မူဝါဒ များကို ပြန်လည်ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် တက်ရောက်လာသူများက တစ်ဦးချင်းစီ ဆွေးနွေးရှင်းလင်းခဲ့မှုအပေါ် ပါတီဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးခြင်း၊ ပါတီ၏ရှေ့လုပ်ငန်းစဉ်များအား ရှင်းလင်းခြင်း၊ ပါတီ အောင်နိုင်ရေးအတွက် လုပ်ငန်းစဉ်များအား ရှင်းလင်း၍ အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြသည်။

အစည်းအဝေးသို့ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းနှင့်အတူ တိုင်းဒေသကြီးပါတီ ကော်မတီဝင် ဒေါ်စိုးစိုးရီ၊ ခရိုင် ပါတီဥက္ကဋ္ဌ ဦးစန်းမောင်နှင့် ကော်မတီဝင်များ၊ မြို့နယ်တာဝန်ခံ ဒေါ်အေးသီတာ၊ မြို့နယ်ပါတီဥက္ကဋ္ဌ၊ ပါတီ အတွင်းရေးမှူး၊ ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေး အပြီးတွင် ဗဟိုအတွင်းရေးမှူးက တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ခဲ့ကြောင်း သိရ သည်။ AKH