ရခိုင်ပြည်နယ်မှ ရွှေ့ပြောင်းနေထိုင်သည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ထောက်ပံ့ပစ္စည်းများ လှူဒါန်း

 

MARCH 17

ရခိုင်ပြည်နယ်​ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊​ ကျောက်​​တော်​မြို့နယ်​တို့မှ ရန်ကုန်သို့ ပြောင်းရွှေ့လာသည့် မြိုတိုင်းရင်းသားများကို ပြည်ခိုင်ဖြိုးပါတီက ယ​နေ့ မတ်​ ၁၇ ရက်​နေ့ နံနက်​ပိုင်း က ​ လှည်းကူးမြို့နယ်၊ ကလီ​ထော်​အ​နောက်​​ကျေးရွာအုပ်​စု၊ ကိုက္ကို​တောင်​​ကျေးရွာတွင် ပြုလုပ်ခဲ့သည်။

ရန်​ကုန်​တိုင်း ပြည်​ခိုင်​ဖြိုးပါတီ အတွင်း​ရေးမှူး ဒေါက်​တာ​ကျော်​စိုးက “သွေးချင်းညီအကိုမောင်နှမတွေ အခက်အခဲ ရှိတဲ့အချိန်မှာ ကျွန်တော်တို့ ပါတီအနေနဲ့ လက်မနှေးပဲ ဦးစားပေး အစီအစဉ်အဖြစ် စားဝတ်နေရေးအတွက် အဓိကအခြေခံကျတဲ့ လူသုံးကုန်ပစ္စည်း၊ ဆန်၊ဆီ၊ ကြက်သွန်၊အာလူးများကို ထောက်ပံပံ့ပိုးတာဖြစ်ပါတယ်” ဟု
ပြောသည်။

ဆက်​လက်​၍ ထောက်ပံပစ္စည်းများအပြင် အလုပ်အကိုင်အခွင့်အလမ်း ရရှိရေးဆောင်ရွက်ပေးမည်ဟု ဆိုသည်။ ပြောင်း​ရွှေ့​နေထိုင်​သူ မြိုတိုင်းရင်းသား အိမ်​​ထောင်​စု (၂၆) စု ၊လူဦး​ရေ (၁၀၀) ခန့်​ ရှိသည်​။ အဆိုပါ ပြည်​ခိုင်​ဖြိုး အဖွဲ့သည်​ ဆက်​လက်​၍​ ဖောင်​ကြီးအ​နောက်​​ကျေးရွာရှိ ရွှေ​မေတ္တာပဋိယတ္တိ စာသင်​တိုက်​ ပဓာနနာယကဆရာ​တော်​ထံ ဝင်​​ရောက်​ဖူး​မျှော်​လျှက်​နဝကမ္မဝတ္ထု​ငွေ ကျပ်​ငါးသိန်းအား ဆက်​ကပ်​လှူဒါန်း​ပေးခဲ့သည်​။

ရန်​ကုန်​တိုင်းပြည်​ခိုင်​ဖြိုး ပါတီအတွင်း​ရေးမှူး ဒေါက်​တာ​ကျော်​စိုးနှင့်​အတူ၊ တိုင်းပါတီ​ကော်​မတီဝင်​ ဦးတင်​​မောင် ဝင်း၊ တိုင်းပါတီ​ကော်​မတီဝင်​ ဦးခင်​​မောင်​တင့်​ ၊တိုင်းပါတီ​ကော်​မတီဝင်​​ ဒေါက်​တာ​နေလင်း၊ ​မြောက်​ပိုင်းခရိုင်​ပါတီ​ကော်​မတီနယ်​​မြေတာဝန်ခံ​ ဒေါ်ချမ်းမြ​အေးနှင့်​ မြိုတိုင်းရင်းသားဖွံဖြိုးတိုးတက်​​ရေး ဒုဥက္ကဌ ဦး​ကျော်​ထွန်းခိုင်​၊ မြို့နယ် တိုင်းရင်းသားမိသားစုများ တက်​​ရောက်​ကြ​ကြောင်း သိရသည်။

By-မြတ်​ဟိန်း​ကျော်