ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများ ပါတီဝင်များနှင့်တွေ့ဆုံ

 

ပုလဲ ဖေဖော်ဝါရီ ၎

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတိုင်ပင်ခံ ဦးကျော်ဆန်း(ပြည်ထောင်စုဝန်ကြီး-ငြိမ်း)သည် ပုလဲမြို့နယ် ပါတီဝင် များနှင့် တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမ ၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဗဟို အလုပ်အမှုဆောင် စစ်ကိုင်းတိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဒေါက်တာ မြင့်သိန်း၊ တိုင်းဒေသကြီး ပါတီ အတွင်းရေးမှူး ဦးအောင်ဇော်ဦး၊ ယင်းမာပင်ခရိုင် ပါတီဥက္ကဋ္ဌ ခရိုင် ပါတီအတွင်းရေးမှူးနှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ မြို့နယ်ပါတီ ဥက္ကဋ္ဌ၊ မြို့နယ်ပါတီအတွင်းရေးမှူး နှင့်ကော်မတီဝင်များ၊ ပါတီဝင်များ တက်ရောက်ကြပြီး တွေ့ဆုံပွဲကို ကျင်းပခဲ့သည်။

မောင်မောင်ဝင်း