႐ုရွားက “စစ္ပြဲအတြက္ျပင္ဆင္ေနသည္” သို႔ေသာ္ၿငိမ္းခ်မ္းေရးကိုလိုလားသည္ ဟု ပူတင္ဆို

ေအာက္တိုဘာ ၁၆
႐ုရွားႏွင့္ တ႐ုတ္တို႔သည္ အေနာက္နိုင္ငံမ်ားႏွင့္ မတူဘဲ စစ္ေရး၊ နိုင္ငံေရး မဟာမိတ္ဖြဲ႕ေပါင္း စည္းျခင္း တစ္မ်ိဳးမ်ိဳး မရွိဟု သမၼတ ဗလာဒီမာပူတင္က ႐ုရွား – ၁ ႐ုပ္သံလိုင္းတြင္ တနဂၤေႏြေန႔က ရွင္းျပခဲ့သည္။ သို႔ေသာ္ အေမရိကန္သည္ ၎၏ မဟာမိတ္မ်ားအား ေမာ္စကိုႏွင့္ ေပက်င္းတို႔ႏွင့္ ဆက္ဆံေရး ဆိုးရြားေစရန္ ဖိအားေပးေနဟု ဆို သည္။
” ဒါေတြက က်န္းမာေနတဲ့ လူေတြရဲ့ စိတ္ထဲကို ေရာက္လာတဲ့ ေကာင္းမြန္တဲ့ အေတြးအေခၚေတြလို႔ မထင္ပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ အေမရိကန္က ႐ုရွားနဲ႔ စစ္တိုက္ဖို႔ ျပင္ဆင္ေနလို႔ျဖစ္ပါတယ္၊ ေကာင္းၿပီ… ကၽြန္ုပ္တို႔အားလုံး လူသိမ်ားတဲ့ အကယ္၍ ၿငိမ္းခ်မ္းေရးကို လိုခ်င္ရင္ စစ္ပြဲအတြက္ ျပင္ဆင္ပါ ဆိုတဲ့ ေရွးနိယာမကို လိုက္နာတာေၾကာင့္ စစ္တိုက္ရန္ ျပင္ဆင္ေနၾကပါတယ္၊ဒါေပမယ့္ ၿငိမ္းခ်မ္းေရးကို လိုခ်င္တယ္ဆိုတဲ့ ယူဆခ်က္အေပၚမွာပဲ ေဆာင္ရြက္မွာပါ” ဟု ပူတင္က ေျပာၾကားခဲ့သည္။
“န်ဴကလီးယားအင္အားႀကီးနိုင္ငံေတြၾကား စစ္ပြဲျဖစ္နိုင္ေျခကို သူတို႔မွန္ကန္တဲ့ စိတ္ရွိတဲ့သူ ဘယ္သူကိုမွ ခြင့္မျပဳသင့္ဘူး”၊ အေနာက္အုပ္စုႏွင့္ ႐ုရွားတို႔ၾကား အျပည့္အဝ ထိပ္တိုက္ရင္ဆိုင္မႈမ်ားတြင္ အထူးစစ္ေရး စစ္ဆင္ေရးမဟုတ္ဘဲ လုံးဝျခားနားေသာ စစ္ပြဲတစ္ခု ျဖစ္လာလိမ့္မယ္” ဟု ၎က ဆက္လက္ရွင္းျပခဲ့သည္။
အေရွ႕အလယ္ပိုင္းတြင္ ျဖစ္ပြားေနေသာ ပဋိ ပကၡသည္ ႀကီးမားလြန္းသျဖင့္ ယူကရိန္း အထူးစစ္ဆင္ ေရးႏွင့္ ႏွိုင္းယွဥ္၍ မရနိုင္ေၾကာင္း ၎က သုံးသပ္ခဲ့သည္။

=======================

ရုရှားက “စစ်ပွဲအတွက်ပြင်ဆင်နေသည်” သို့သော်ငြိမ်းချမ်းရေးကိုလိုလားသည် ဟု ပူတင်ဆို

အောက်တိုဘာ ၁၆
ရုရှားနှင့် တရုတ်တို့သည် အနောက်နိုင်ငံများနှင့် မတူဘဲ စစ်ရေး၊ နိုင်ငံရေး မဟာမိတ်ဖွဲ့ပေါင်း စည်းခြင်း တစ်မျိုးမျိုး မရှိဟု သမ္မတ ဗလာဒီမာပူတင်က ရုရှား – ၁ ရုပ်သံလိုင်းတွင် တနင်္ဂနွေနေ့က ရှင်းပြခဲ့သည်။ သို့သော် အမေရိကန်သည် ၎င်း၏ မဟာမိတ်များအား မော်စကိုနှင့် ပေကျင်းတို့နှင့် ဆက်ဆံရေး ဆိုးရွားစေရန် ဖိအားပေးနေဟု ဆို သည်။
” ဒါတွေက ကျန်းမာနေတဲ့ လူတွေရဲ့ စိတ်ထဲကို ရောက်လာတဲ့ ကောင်းမွန်တဲ့ အတွေးအခေါ်တွေလို့ မထင်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အမေရိကန်က ရုရှားနဲ့ စစ်တိုက်ဖို့ ပြင်ဆင်နေလို့ဖြစ်ပါတယ်၊ ကောင်းပြီ… ကျွန်ုပ်တို့အားလုံး လူသိများတဲ့ အကယ်၍ ငြိမ်းချမ်းရေးကို လိုချင်ရင် စစ်ပွဲအတွက် ပြင်ဆင်ပါ ဆိုတဲ့ ရှေးနိယာမကို လိုက်နာတာကြောင့် စစ်တိုက်ရန် ပြင်ဆင်နေကြပါတယ်၊ဒါပေမယ့် ငြိမ်းချမ်းရေးကို လိုချင်တယ်ဆိုတဲ့ ယူဆချက်အပေါ်မှာပဲ ဆောင်ရွက်မှာပါ” ဟု ပူတင်က ပြောကြားခဲ့သည်။
“နျူကလီးယားအင်အားကြီးနိုင်ငံတွေကြား စစ်ပွဲဖြစ်နိုင်ခြေကို သူတို့မှန်ကန်တဲ့ စိတ်ရှိတဲ့သူ ဘယ်သူကိုမှ ခွင့်မပြုသင့်ဘူး”၊ အနောက်အုပ်စုနှင့် ရုရှားတို့ကြား အပြည့်အဝ ထိပ်တိုက်ရင်ဆိုင်မှုများတွင် အထူးစစ်ရေး စစ်ဆင်ရေးမဟုတ်ဘဲ လုံးဝခြားနားသော စစ်ပွဲတစ်ခု ဖြစ်လာလိမ့်မယ်” ဟု ၎င်းက ဆက်လက်ရှင်းပြခဲ့သည်။
အရှေ့အလယ်ပိုင်းတွင် ဖြစ်ပွားနေသော ပဋိ ပက္ခသည် ကြီးမားလွန်းသဖြင့် ယူကရိန်း အထူးစစ်ဆင် ရေးနှင့် နှိုင်းယှဉ်၍ မရနိုင်ကြောင်း ၎င်းက သုံးသပ်ခဲ့သည်။