ပြည်ခိုင်ဖြိုးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှုဆင့်ပွားသင်တန်းဖွင့်

 

ရခိုင်ပြည်နယ် စစ်တွေခရိုင်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ နိုင်ငံရေးစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်း (၃/၂ဝ၁၈) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ခိုင်ဖြိုးပါတီ အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံအား အလေး ပြုကာနိုင်ငံတော်သီချင်းသီဆိုဖွင့်လှစ်ခဲ့ပြီး ပြည်နယ် ပါတီအတွင်းရေးမှူးဦးသန်းဝေ(ဗဟိုကော်မတီဝင်) က အဖွင့်အမှာစကားပြောကြားခဲ့သည်။

”နိုင်ငံရေးနဲ့ စီမံခန့်ခွဲမှုသင်တန်းဆိုတော့ နိုင်ငံရေးအကြောင်းကိုလည်း ပါတီဝင်များအနေနဲ့ သိသင့်တာပေါ့။ စီမံခန့်ခွဲမှုကိုလည်း တတ်သင့် တယ်။ စီမံခန့်ခွဲမှုပညာရပ်ဆိုတာ မရှိမဖြစ်လိုအပ် တဲ့ပညာရပ်ပါ”ဟုဦးသန်းဝေက ပြောကြားသည်။

အဆိုပါသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ စစ်တွေခရိုင် ပါတီဥက္ကဋ္ဌဦးကျော်စိုးက ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ စစ်တွေခရိုင် ဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ်လေးမြို့ နယ်မှ ပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ သင်တန်း သူ သင်တန်းသား ၄ဝ တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထက်မြက်အောင်